ရွိုင်ကိန်းရဲ့ ရှားရှားပါးပါး ချီးကျူးခြင်းခံခဲ့ရတဲ့ အင်္ဂလန်လူငယ်လေး ဘယ်လင်ဂမ်
10:40 AM, 16 November
ရွိုင်ကိန်းက အင်္ဂလန်လူငယ်လေး ဂျုဒ် ဘယ်လင်ဂမ်ရဲ့ ခြေစွမ်းကို နှစ်သက်တယ်လို့ ဖွင့်ဟခဲ့ပြီး လူငယ်လေးရဲ့ အလားအလာက ကြောက်ဖို့ကောင်းတယ်လို့ ဆိုခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ ဆန်မာရီနိုကို ၁၀ဂိုးပြတ် နိုင်ခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းကောင်း ပြသနိုင်ခဲ့ပါတယ်။
ဆောက်ဂိတ်ဟာ ပုံမှန်အားဖြင့် ဒီကလန်ရိုက်စ်နဲ့ ကယ်ဗင် ဖီးလစ်တို့ကို ကွင်းလယ်မှာ ထည့်ကစားလေ့ ရှိပေမဲ့ ယမန်နေ့ညကတော့ ဘယ်လင်ဂမ်မှာ စီနီယာအသင်းမှာ ပွဲထွက်ခွင့်ပေးခဲ့တာပါ။ အားလုံးသိကြတဲ့အတိုင်း ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ ရွိုင်ကိန်းက ဘယ်လင်ဂမ်ရဲ့ ခြေစွမ်းကိုတော့ ရှားရှားပါးပါး ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ကိန်းက “သူ အကောင်းဆုံး အခွင့်အရေး ရခဲ့တာပါ။ သူနဲ့ပတ်သက်ပြီး အားလုံးကို ကျွန်တော်တို့ ကြိုက်ပါတယ်။ သူကွင်းထဲ လုပ်ပြနေတာက သူ့အရည်အချင်းကို စကားပြောပါတယ်။ သူ အပတ်တိုင်း ထိပ်တန်းအသင်းမှာ ကစားနေရတာပါ။ သူ့ရဲ့ အလားအလာကလည်း တကယ် ကြောက်စရာကောင်းပါတယ်”
“သူ ဒေါ့မွန်မှာ ချန်ပီယံလိဂ်ပွဲတွေ ကစားနေတာမြင်ရပြီး ဘောလုံးပေးပို့မှုတွေ တစ်ကယ်ကောင်းပြီး အပတ်တိုင်းတော့ မဟုတ်ပေမဲ့ ချန်ပီယံလိဂ်မှာ မြင်နေရပါတယ်။ သူ့ရဲ့အလားအလာနဲ့ ပတ်သက်ပြီး ပြောရရင် သူက ဘောလုံးသမားတစ်ယောက်၊ လက်ဝှေ့သမားတစ်ယောက်လိုဖြစ်ပြီး အင်အားပြင်းထန်ကာ ဂါရတ်လည်း သူ့ကို ထည့်ဖို့ လက်ယားနေမှာပါပဲ”လို့ ပြောခဲ့ပါတယ်။
အီယန်ရိုက်ကလည်း ရွိုင်ကိန်းလိုပဲ ဘယ်လင်ဂမ်ရဲ့ခြေစွမ်းကို အထူးချီးကျူးသွားခဲ့ပါတယ်။ “သူ ကျောနံပါတ် ၂၂ ဝတ်ထားပေမဲ့ နံပတ် ၁၀၊ ၈၊ ၄နေရာ အကုန်ကစားနိုင်ပါတယ်။ သူက အရာရာပိုင်ဆိုင်ထားသူ ၁ဦးပါ။ သူ ဒီလိုမျိုးပွဲကို မောင်းနှင်နိင်သလို ဒေါ့မွန်မှာလည်း ပွဲတိုင်းပါရတာကြောင့် ရင့်ကျက်မှုနဲ့အတူ အထူးတိုးတက်လာပါတယ်။ သူ့ရဲ့ လက်ရှိ ခြေစွမ်းနဲ့ဆိုရင် နှစ်အနည်းငယ်အတွှင်း အင်္ဂလန်မှာ ပုံမှန်နေရာရလာမှာပါ”လို့ ပြောခဲ့ပါတယ်။
#အင်္ဂလန် #ရွိုင်ကိန်း #ဘယ်လင်ဂမ် #အီယန်ရိုက် #ဆန်မာရီနို