ရှေ့သို့
Image

ခြေစစ်ပွဲအောင်ဖို့ ပလေးအော့ဖ်ကန်ရတော့မယ့် အီတလီနှင့် ဆန်မာရီနိုကို ၁၀ဂိုးပြတ်သွင်းကာ ခြေစစ်ပွဲတိုက်ရိုက်အောင်သွားတဲ့ အင်္ဂလန်

9:03 AM, 16 November

တနင်္လာညဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာလည်း ယူရိုချန်ပီယံ အီတလီအသင်းဟာ မြောက်အိုင်ယာလန်ကို အဝေးကွင်းမှာ သရေကျကာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိဘဲ play-offs သာကစားရတော့မှာ ဖြစ်ပါတယ်။


နောက်ဆုံးပွဲတွေကျမှ ခြေချော်ခဲ့တဲ့အီတလီ

========

မြောက်အိုင်ယာလန် ၀ - ၀ အီတလီ


ဆွစ်ဇာလန်ပွဲမှာလည်း ဂျော်ဂျင်ဟိုပင်နယ်တီလွဲခြင်းနှင့်အတူ အနိုင်မရခဲ့တဲ့ အီတလီဟာ မြောက်အိုင်ယာလန်ကိုလည်း သရေသာကစားနိုင်ခဲ့ပြီး တိုက်ရိုက်ခြေစစ်ပွဲနဲ့ လွဲခဲ့ပါတယ်။ဒ

အထူးသဖြင့် ဆွစ်ဇာလန်အသင်းက ဘူလ်ဂေးရီးယားကို ၄ဂိုးပြတ်နိုင်ကာ တိုက်ရိုက်ခြေစစ်ပွဲအောင်သွားခဲ့ပြီး အီတလီအနေဖြင့် အနိုင်ရဖို့ လိုအပ်ခဲ့ပေမယ့် ဂိုးပေါက်ရှာမတွေ့ခြင်းနှင့်အတူ ၁မှတ်သာရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


ဆန်မာရီနိုကို မညှာမတာဂိုးပြတ်သွင်းတဲ့ အင်္ဂလန်

=======

ဆန်မာရီနို ၀ - ၁၀ အင်္ဂလန်


မက်ဂွါရီ ၆’ ဖတ်ဘရီ OG ၁၅’ ကိန်း (P) ၂၇’ ၃၂’ ၃၉’ (P) ၄၂’ စမစ်ရိုဝီ ၅၈’ မင်စ် ၆၉’ အေဘရာဟမ် ၇၈’ ဆာကာ ၇၉’


ဒီပွဲမှာ ဟယ်ရီကိန်း ၄ဂိုးအထိ သွင်းယူပြီး စံချိန်သစ်တွေ အများကြီး ရယူခဲ့သလို လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ အေဘရာဟမ်၊ စမစ်ရိုဝီ၊ ဆာကာတို့ ဂိုးတွေ သွင်းနိုင်ခဲ့တဲ့အတွက် အင်္ဂလန်အတွက် ထပ်ဆင့်အပေါင်းလက္ခဏတွေ ဆောင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။ဒီပွဲမှာ ဂိုးပေါက်နေရာအတွက် အာဆင်နယ်မှာ လက်စွမ်းပြနေတဲ့ ရန်ဒေးစ် ပါဝင်လာကာ ထပ်မံပြီး ၂ကြိမ်လောက် ကာကွယ်ပေးခဲ့သလို လီဗာပူးနောက်ခံလူ အာနိုးဟာလည်း ညာခြမ်းမှာ နေရာရကာ ၂ကြိမ်တိုင် ဂိုးဖန်တီးပေးခဲ့ပါတယ်။ အလားတူ ကွင်းလယ်မှာ ဘင်လင်ဂမ်၊ ဂေါ်လက်ဟာတို့ပါခဲ့ပြီး အင်္ဂလန်ရဲ့ မျိုးဆက်သစ်ခြေစွမ်းတွေက အားရဖို့ကောင်းခဲ့ပါတယ်။

ယူနိုက်တက်မှာ ဝေဖန်မှုတွေခံနေရတဲ့ နောက်ခံလူ မက်ဂွါရီဟာ ဆန်မာရီနိုပွဲမှာလည်း နောက်ထပ်ဂိုးတစ်ဂိုးသွင်းကာ ခြေစွမ်းပြခဲ့ပါတယ်။ အဆိုပါဂိုးကို ဖိုဒမ်ရဲ့ ထောင့်ကန်ဘောပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

အဲဒီနောက် စမစ်ရိုဝီနှင့် ဆာကာတို့တွဲလုံးကနေတဆင့် ဆာကာ ကန်ရာ နောက်ခံလူ ဖတ်ဘရီနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်ကာ ဒုတိယဂိုးရခဲ့ပြီး ၁၅မိနစ်အတွင်းမှာတင် အင်္ဂလန် ၂ဂိုးပြတ်ခဲံပါတယ်။

သူရဲ့ တစ်နှစ်တာအတွင်း အင်္ဂလန်အတွက် ၁၃ဂိုးမြောက်ကို ဖိုဒမ်ရဲ့ နောက်ပြန်ကန်ချက်ကနေ တဖက်ကစားသမား လက်ပင့်ရာကနေ ရလာတဲ့ ပင်နယ်တီကို ကိန်းသွင်းယူခဲ့ပြီး နောက်ထပ်၅မိနစ်အကြာမှာ ၁၄ဂိုးမြောက်ကို ထပ်သွင်းပြန်ပါတယ်။

အဲဒီနောက် ၃၉နှင့် ၄၂မိနစ်တွေမှာ  ကိန်းကဘဲ ပင်နယ်တီတစ်လုံးနှင့် နောက်ခံလူ၂ယောက်လောက်ကို လိမ်ခေါက်ပြီး သွင်းယူတဲ့ ဂိုးဖြင့် ပထမပိုင်းအတွင်းတင် ၄ဂိုးစလုံး သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အင်္ဂလန်အသင်းအတွက် ပထမဂိုးအဖြစ် အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ်ရိုဝီက သွင်းယူခဲ့ပြီး ရိုးမားတိုက်စစ်မှူး အေဘရာဟမ်က နောက်ပေါက်လေးနဲ့ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်ဆန်မာရီနိုအတွက် အပူပေါ်အပူဆင့်ဆိုသလို တစ်ယောက်ထုတ်ခံခဲ့ရပြီး ၈ဂိုးမြောက်ကို နောက်ခံလူ တိုင်ရုန်းမင်းစ်က ဆက်သွင်းကာ  အေဘရာဟမ်၊ ဆာကာတို့က ပွဲသိမ်းဂိုးတွေ အသီးသီးသွင်းခဲ့ကြပါတယ်။ဆာကာနှင့် နောက်ခံလူ တိုင်ရုန်းမင်းစ်ရဲ့ ဂိုးတွေကို နောက်ခံလူအာနိုးက ဖန်တီးပေးခဲ့ပါတယ်။

အဆုံးသတ်မှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲနဲ့အတူ အင်္ဂလန်အသင်းကတော့ သက်တောင့်သက်သာပင် ကမ္ဘာ့ဖလားဝင်ခွင့်လက်မှတ်ကို ရသွားခဲ့ပါတယ်။


နိုင်ပွဲဆက်နေတဲ့ ဒိန်းမတ်ကို အနိုင်ကစားခဲ့တဲ့ စကော့တလန်


စကော့တလန် ၂ - ၀  ဒိန်းမတ်

ဆောက်တာ ၃၅’ အဒမ်စ် ၈၆’


ခြေစစ်ပွဲမှာ ၁၀၀% နိုင်ပွဲဆက်နေတဲ့ ဒိန်းမတ်ကို စကော့တလန်အသင်း အနိုင်ကစားပြခဲ့ပြီး လာမယ့်နှစ်မှာ play-offs ကစားခွင့်လည်း ရခဲ့ပါတယ်။

စကော့တလန်အသင်းက ပထမပိုင်းမှာတင် ဒိန်းမတ်ကို အသာစီးဖြင့်ကစားခဲ့ပြီး ဆောက်တာက ခေါက်တိုက်သွင်းယူခဲ့ကာ ဒုတိယပိုင်းကတော့ ဒိန်းမတ်ခြေသာခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီးအနေအထားမှာ ဆောက်သမ်တန်တိုက်စစ်မှူး ချီအဒမ်စ်က လူကျွံထောက်ချောက်ကို ဖောက်ထွက်ကာ လှပစွာ အဆုံးသတ်ဂိုး သွင်းပေးခဲ့ပြီး ဇယားထိပ်က ဒိန်းမတ်ကို ၂ဂိုးပြတ် နိုင်ခဲ့ပါတယ်။


တခြားပွဲစဉ်များ

ဆွစ်ဇာလန် ၄ - ၀  ဘူလ်ဂေးရီးယား

ပိုလန် ၁  -၂ ဟန်ဂေရီ

သြစတြီးယား ၄ - ၁ မော်ဒိုဗာ

အစ္စရေး ၃ - ၂ ဖာရိုးကျွန်းစု 

အယ်လ်ဘေးနီးယား ၁ -  ၀  အန်ဒိုရာ

#အီတလီ #အင်္ဂလန် #ဒိန်းမတ် #စကော့တလန် #ဆွစ်ဇာလန်