နောဝစ်ချ်နည်းပြသစ်ဖြစ်လာရန် နီးစပ်နေတဲ့ ဒင်းစမစ်
11:04 AM, 15 November
ဒင်းစမစ်ဟာ နောဝစ်ချ်နည်းပြသစ်ဖြစ်လာရန် နီးစပ်နေပြီး ကလပ်ကို ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်စေရန် စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားဖွယ် ရှိနေသည်။ အသက်၅၀အရွယ်နည်းပြဟာ နောဝစ်ချ်ရဲ့ နံပါတ်တစ် ဦးစားပေးပစ်မှတ်ဖြစ်နေပြီး ၎င်းအနေနဲ့လွန်ခဲ့တဲ့၈ရက်ကမှ အက်စတွန်ဗီလာအသင်းရဲ့ ထုတ်ပယ်ခံထားရသူဖြစ်ကာ အနားယူရက်ကြာရှည်ခြင်း မရှိထားသေးတာ ဖြစ်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် မိသားစုနဲ့အတူ ဒင်းစမစ်ဟာ နယူးယော့ခ်ကို ရောက်နေပြီး စနေနေ့မှာ နောဝစ်ချ်အသင်းကို ကိုင်တွယ်မလားဆိုတာ ရှင်းရှင်းလင်းလင်းဆုံးဖြတ်ချက်ရဖွယ် ရှိနေပါတယ်။ အကယ်လိုသဘောတူခဲ့မယ်ဆိုရင် ၂နှစ်ခွဲ စာချုပ်ချုပ်ဖွယ်ရှိနေပြီး လက်ထောက်နည်းပြကိုလည်း ဂရိတ်ရှိတ်စပီးယားအား ခန့်အပ်ဖွယ် ရှိပါတယ်။
ပြီးခဲ့တဲ့အပတ်က လမ်းပတ်က နောဝစ်ချ်နည်းပြ ဖြစ်လာရန် ရေပန်းစားခဲ့သော်လည်း ရာထူးကို ရယူဖို့ပယ်ချခဲ့တာကြောင့် ဖာကီနေရာမှာ အစားထိုးမယ့်နည်းပြဟာ ဒင်းစမစ်ဖြစ်လာရန် နီးစပ်လာခဲ့ပါတယ်။ သတင်းတွေအရ ဒင်းစမစ်ကို သောကြာညနေခင်းက နောဝစ်ချ်အသင်းက ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ အကယ်လို နောဝစ်ချ်နည်းပြသစ်သာ ဖြစ်လာမယ်ဆိုရင် ဗီလာနည်းပြဟောင်း ဒင်းစမစ်ရဲ့ ပွဲဦးထွက်က ဆောက်သမ်တန်နဲ့ပွဲ ဖြစ်လာဖွယ် ရှိနေသည်။
နောဝစ်ချ်အသင်းဟာ လက်ရှိတွင် ၁၁ပွဲမှာ ၅မှတ်သာရထားကာ အမှတ်ပေးဇယားအောက်ဆုံးတွင် ရှိနေပြီး စမစ်အနေဖြင့် အသင်းရှိ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ကမ့်ဝဲလ်၊ ဂီလ်မော်တို့ကို အရောင်တင်ပေးရမှာ ဖြစ်ပါတယ်။ စမစ်ဟာ ဘရန့်ဖို့ဒ်၊ ဝါဆောလ်အသင်းတွေကို ကိုင်တွယ်ဖူးပြီး ရလဒ်တွေကောင်းအောင် နည်းပြထားခဲ့သလို ဗီလာအသင်းကိုလည်း ၂၀၁၈ အောက်တိုဘာလက တာဝန်ယူကိုင်တွယ်ပြီးနောက် ပထမဆုံးရာသီမှာဘဲ ပရီးမီးယားလိဂ်သို့တန်းတက်စေခဲ့ပါတယ်။
မနှစ်က အက်စတွန်ဗီလာအသင်းကို အဆင့်၁၁နေရာရအောင် စွမ်းဆောင်ပေးခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ထုတ်ပယ်ခံရကာ နည်းပြသစ်အဖြစ် လီဗာပူးကစားသမားဟောင်း စတီဗင်ဂျာရတ်က အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။ဒီဇင်ဘာ၁၄ရက်မှာတော့ စတီဗင်ဂျာရတ်ရဲ့ အက်စတွန်ဗီလာနှင့် ဒင်းစမစ်ရဲ့ နောဝစ်ချ်အသင်းတို့တွေ့ဆုံသွားဖွယ် ရှိနေပါတယ်။
#နောဝစ်ချ် #ဘရန့်ဖို့ဒ် #ဒင်းစမစ် #ဖာကီ