ရှေ့သို့
Image

မြောက်အိုင်ယာလန်နဲ့ ပွဲကို သွေးအေးအေးနဲ့ ချဉ်းကပ်ဖို့ အသင်းသားတွေကို မန်ချီနီ တိုက်တွန်း

10:45 AM, 15 November

အီတလီအသင်းနည်းပြ ရောဘတ်တိုမန်ချီနီက ghost of '58 ခြောက်လှန့်မှုတွေ ရှိနေပေမယ့် ဘဲလ်ဖတ်စ်မှာ ကစားရမယ့် အိမ်ရှင်မြောက်အိုင်ယာလန်နဲ့ ပွဲကို သွေးအေးအေးနဲ့ ချဉ်းကပ်ကစားဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။

အီတလီဟာ လွန်ခဲ့တဲ့ ၆၃ နှစ်က ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ဘဲလ်ဖတ်စ်မှာ မြောက်အိုင်ယာလန်ကို အရေးနိမ့်ခဲ့လို့ ၁၉၅၈ ဆွီဒင်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ တကယ်လို့ အဲဒီ ghost of '58 က တစ်ကျော့ပြန်ရောက်လာလို့ အီတလီအသင်း ဆွစ်ဇာလန်ကို ဂိုးကွာခြားချက်အရ အရေးနိမ့်ခဲ့မယ်ဆိုရင်လည်း အနည်းဆုံးတော့ Play-offs ကစားခွင့်ရဦးမှာဖြစ်ပါတယ်။

၁၉၅၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်း တစ်ခုတည်းသောခြေစစ်ပွဲ မအောင်မြင်ခဲ့ဲတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ Play-offs မှာ ဆွီဒင်ကို အရေးနိမ့်ခဲ့တာဖြစ်ပြီး မန်ချီနီအနေနဲ့ လွန်ခဲ့တဲ့ ၄လကမှ ယူရိုချန်ပီယံဖြစ်ခဲ့တဲ့အသင်းအနေနဲ့ အဲဒီအချက်တွေကို မေ့ထားဖို့ တိုက်တွန်းပါတယ်။

အီတလီဟာ ယူရိုအလွန် ၅ပွဲမှာ ၁ပွဲပဲအနိုင်ရထားပြီး သောကြာနေ့က ဆွစ်ဇာလန်နဲ့ပွဲမှာ ဂျော်ဂျင်ဟိုရဲ့ နောက်ကျပင်နယ်တီ လွဲချော်ခဲ့ရပြီးနောက် ဘူလ်ဂေးရီးယားနဲ့ အိမ်ကွင်းပွဲကစားရမယ့် ဆွစ်ဇာလန်နဲ့ အမှတ်တူနေပါတယ်။

''၁၉၅၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်လည်း သိတာပေါ့။ ဒီညမှာ အဲဒီအဖြစ်အပျက် ပြန်မဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့ ရည်မှန်းထားပြီး ဒီညပွဲမှာလည်း စိုးရိမ်မှုမရှိဘဲ ကစားဖို့ လိုအပ်နေပါတယ်''လို့ မန်ချီနီက ပြောပါတယ်။

#အီတလီ #ကမ္ဘာ့ဖလားခြေစစ်ပွဲ #မြောက်အိုင်ယာလန် #မန်ချီနီ