ရှေ့သို့
Image

ဆားဘီးယားကို ရှုံးခဲ့ပေမဲ့ ပေါ်တူဂီအသင်း ခြေစစ်ပွဲအောင်မယ်လို့ အာမခံလိုက်တဲ့ ဖာနန်ဒို ဆန်းတို့စ်

8:38 AM, 15 November

ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်က ယမန်နေ့ည ဆားဘီးယားကို နောက်ကျဂိုးတွေနဲ့ ရှုံးခဲ့ပေမဲ့ ခြေစစ်ပွဲ အောင်မယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။ မီထရိုဗစ်ရဲ့ မိနစ်၉၀ နောက်ကျဂိုးကြောင့် ဆားဘီးယားက ၂-၁ဂိုးနဲ့ နိုင်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောင်မြင်ခဲ့ပါတယ်။

ဆန်းတို့စ်က ပေါ်တူဂီအသင်းဟာ အကြောက်တရား၊ အားထုတ်မှုတွေနဲ့ ကစားဖို့ ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပေမဲ့ ရှုံးပွဲအတွက် သူ့မှာသာ အပြည့်အ၀ တာဝန်ရှိကြောင်း ပြောခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ အဆိုပါပွဲစဉ်မှာ သရေရရင်တောင် ခြေစစ်ပွဲအောင်မှာ ဖြစ်ပေမဲ့ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။

ရှုံးပွဲနဲ့ပတ်သက်လို့ ဆန်းတို့စ်က “ဒီပွဲက ဖြစ်သင့်တဲ့အတိုင်း ဖြစ်လာပြီလို့ ထင်မှတ်ခဲ့ပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်တို့ ဂိုးသွင်းခဲ့ပြီး ကနဦးအခြေအနေ ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခံစစ်အရမ်းကစားခဲ့ပါတယ်။ ကစားသမားတွေက ကြိုးစားခဲ့ကြပေမဲ့ ပွဲကို နိုင်အောင် မလုပ်နိုင်ခဲ့ပါဘူး။ အချိန်တိုင်း ကျွန်တော်တို့ ပြဿနာတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အကြိမ်အများစုမှာ အခွင့်အရေးတွေ အသုံးမချနို်ငခဲ့ပါဘူး”

“ဆားဘီးယားက ပိုကောင်းခဲ့ပြီး ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ DNAက ခြေထောက်ထဲ ဘောလုံးထားပြီး ကစားဖို့ ဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားက ဘောလုံးလိုချင်ခဲ့ပေမဲ့ သူ တစ်ယောက်တည်း ရှိပါတယ်။ ကျွန်တော်တို့ အကြောက်တရားတွေနဲ့ ကစားခဲ့ပြီး ဒီရှုံးပွဲက ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ပလေးအော့ဖ်အကြောင်း မေးရာမှာ“ကျွန်တော်တို့ ကာတာကို ရောက်မှာပါ။ ကျွန်တော်တို့ ဖြစ်သင့်တဲ့အတိုင်း ဖြစ်မလာပေမဲ့ ကျွန်တော်တို့ အဲ့ဒီမှာ ရှိနေမှာပါ။ ကျွန်တော်တို့ ပွဲတိုင်းနိုင်ဖို့ ကစားခဲ့ပြီး တိုက်စစ်ဆင်ဖို့ပဲ တွေးထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာပါဘူး။ ဒါကလည်း ကျွန်တော့်ရဲ့ တာဝန်ပါပဲ”လို့ ပြောခဲ့ပါတယ်။

ယခုလို အလွဲအချော်တွေ ဖြစ်ခဲ့တာကြောင့် ပေါ်တူဂီအသင်းဟာ ခြေစစ်ပွဲအောင်ဖို့ မေလထိ စောင့်ရတော့မှာ ဖြစ်ပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲ #ပေါ်တူဂီ #ဆားဘီးယား #ဖာနန်ဒိုဆန်းတို့စ် #မီထရိုဗစ်