ရှေ့သို့
Image

ရော်နယ်ဒိုနဲ့ပတ်သက်ပြီး ဆိုးလ်ရှားကို သတိပေးလိုက်တဲ့ လက်ထောက်နည်းပြဟောင်း မက်စ်ကလာရင်

2:51 PM, 14 November

ယူနိုက်တက်လက်ထောက်နည်းပြဟောင်း မက်စ်ကလာရင်က ရော်နယ်ဒိုပြန်ရောက်လာတာနဲ့ ပတ်သက်ပြီး ဆိုးလ်ရှားအနေနဲ့ အောင်မြင်အောင်လုပ်ရင်လုပ် မဟုတ်ရင်တော့ ရာထူးအတွက် စိုးရိမ်ရတယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေရပြီး လီဗာပူးကို ၅ ဂိုးပြတ် နဲ့ မန်စီးတီးကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် ဖိအားတွေများနေခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်နည်းပြဟောင်း မက်စ်ကလာရင်ဟာ ၁၉၉၉ ခုနှစ် ယူနိုက်တက်ဖလားရချိန်တုန်းက နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာ လက်ထောက်နည်းပြလုပ်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်အတွင်း ယူနိုက်တက်မှာ အောင်မြင်မှုရရှိခဲ့တာဖြစ်ကာ အခုချိန်မှာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကိုတစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မက်စ်ကလာရင်က ရော်နယ်ဒို နဲ့ ဗာရာနီတို့ကို ခေါ်ယူထားခဲ့တာက ဆိုးလ်ရှားကို ဖိအားတွေပိုများစေတယ်လို့ ခံစားနေရပါတယ်။ “ကျွန်တော်အဝတ်လဲခန်းထဲကို လမ်းလျှောက်ဝင်သွားတုန်းက မှတ်မိနေပါသေးတယ်။ အားလုံးက ဆုဖလားအောင်မြင်မှု ရယူထားတဲ့သူတွေပါ။  သူတို့က ဘယ်လိုဆုဖလား အောင်မြင်မှုယူရမလဲဆိုတာ သိကြပါတယ်။ ဆိုးလ်ရှားက ယူနိုက်တက် နဲ့ ဗာရာနီတို့ကိုခေါ်ယူခဲ့ပါတယ်”

“ရော်နယ်ဒိုကတော့ အောင်မြင်မှုဘယ်လိုယူရမလဲဆိုတာသိပေမယ့် အဝတ်လဲခန်းထဲမှာ လွှမ်းမိုးမှုရှိတာကို ကြားချင်တာပါ။ သူသာဦးဆောင်ရင် အသင်းသားတွေကလည်း သူ့ရဲ့ ဦးဆောင်မှုကိုလိုက်မှာပါ”လို့ မက်စ်ကလာရင်က ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီယူနိုက်တက်အတွက် ၁၃ ပွဲမှာ ၉ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီး ခြေစွမ်းပြကစားနေတာ ဖြစ်ပါတယ်။ မက်စ်ကလာရင်က ရော်နယ်ဒိုကိုကြည့်ရတာ ရွိုင်ကိန်းကိုတောင် သတိရမိတယ်လို့ ဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ဝက်ဖို့ဒ်အသင်းနဲ့ အဝေးကွင်းပွဲရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ရော်နယ်ဒို #မက်ခ်ကလာရင်