ရှေ့သို့
Image

ဆိုးလ်ရှားဟာ ဆန်ချိုကို မဖြစ်နိုင်တဲ့နေရာမှာ ကစားဖို့ ပြောင်းလဲနေပြီး အထုတ်ခံရမယ့် အလုပ်မျိုးလုပ်နေတယ်လို့ လိဒ် နဲ့ မန်စီးတီးနောက်ခံလူဟောင်း ဒန်နီမေးလ်အခိုင်အမာဆို

2:46 PM, 14 November

လိဒ် နဲ့ မန်စီးတီးနောက်ခံလူဟောင်း ဒန်နီမေးလ်က ဆိုးလ်ရှားဟာ ဆန်ချိုကို wing-back ကစားသမားအဖြစ် ပြောင်းလဲနေပြီး အထုတ်ခံရမယ့်အလုပ်မျိုးလုပ်ဆောင်နေတယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို ၂ နှစ်အကြာချဉ်းကပ်ပြီးနောက် ဒေါ့မွန်အသင်းထံကနေ ပေါင် ၇၃ သန်းနဲ့ နွေရာသီတုန်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ဒီရာသီ ၁၃ ပွဲမှာ ၁ ဂိုးမှမသွင်းနိုင်သေးလို ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင်သေးပဲ ရုန်းကန်နေရပါတယ်။ ယူနိုက်တက်မှာတော့ ဆန်ချိုဟာ မတူညီတဲ့နေရာမှာ ကစားနေရတာဖြစ်ကာ လိဒ်စတားဟောင်း မေးလ်က အခုလိုပြောကြားခဲ့ပါတယ်။ “သူ့ကို ဆိုးလ်ရှားက နောက်ခံအစွန်လူအဖြစ် ပုံစံပြောင်းနေပါတယ်။ ယူရိုမှာ သူက အင်္ဂလန်အတွက်အများကြီးမကစားပေးခဲ့ရပါတယ်”

“ဒါ့အပြင် ခံစစ်ကိုလည်း ဆင်းကူနိုင်စွမ်းမရှိသလို အဲ့နေရာမှာလည်းမကစားဖူးပါဘူး။ တောင်ပံကစားသမားက တောင်ပံပါပဲ အဆင်ပြေမှာပါ။ ဆိုးလ်ရှားက တကယ့်အထုတ်ခံရမယ့် ပြစ်မှုကိုကျူးလွန်နေတာပါ”ဒန်နီမေးလ်က ပြောကြားခဲ့ပါတယ်။ ဆန်ချိုဟာ မန်စီးတီးနဲ့ ပွဲတုန်းက ဒုတိယပိုင်းမှာ လူစားဝင် ကစားခွင့်ရရှိခဲ့ပါတယ်။

#မန်စီးတီး #ဆိုးလ်ရှား #ဆန်ချို #ဒန်နီမေးလ်