ရှေ့သို့
Image

ယူနိုက်တက်စတားကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်လာတဲ့ မော်ရင်ဟိုရဲ့ ရိုးမား

2:32 PM, 14 November

သတင်းတွေအရ မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ယူနိုက်တက်နောက်ခံလူ ဒီယေဂိုဒါလော့ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ဒယ်လိုစပေါ့တ်သတင်းဌာနကတော့ ရိုးမား နဲ့ ယူနိုက်တက်တို့ကြား ဆွေးနွေးမှုတွေက တိုးတက်မှုရှိနေပြီး ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အငှားအတွက် ယူရို ၁.၅ သန်းပေးချေရဖွယ်ရှိနေကာ ဒါလော့အနေနဲ့ ရိုးမားအသင်းမှာ ပွဲထွက်အများအပြား ရဖွယ်ရှိနေပါတယ်။ ဒါလော့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အေစီမီလန်ကိုအငှားထွက်ကစားပြီး ၃၃ ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ကာ အေစီမီလန်က ဆက်လက်ထိန်းထားချင်ပေမယ့် ကစားသမားက ယူနိုက်တက်ကို ပြန်ချင်ခဲ့တာကြောင့် ဆက်မထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟို ဒါလော့ကို ၂၀၁၈ နွေရာသီတုန်းက ပေါ်တိုအသင်းကနေ ပေါင် ၁၉ သန်းနဲ့ ယူနိုက်တက်အသင်းထံ ခေါ်ယူခဲ့တာဖြစ်ပေမယ့် လပိုင်းအကြာမှာပဲ ယူနိုက်တက်ကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ဒီရာသီအစောပိုင်းလိဂ်ပွဲ ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရရှိခဲ့ပေမယ့် ၁၂ ပွဲမှာတော့ ၂ ပွဲပဲအနိုင်ရရှိခဲ့တာကြောင့် အဆင့် ၆ နေရာအထိ ဆင်းခဲ့ရပါတယ်။

ပြိုင်ပွဲစုံမှာလည်း ရိုးမားအသင်းဟာ နောက်ဆုံး ၇ ပွဲမှာ ၁၅ ဂိုးအထိ ပေးခဲ့ရပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်က  ပစ်မှတ်ဖြစ်ပေမယ့် ရိုးမားအသင်းအနေနဲ့ ဇန်နဝါရီမှာ လူအင်အားဖြည့်တင်းရဖွယ်ရှိနေပါတယ်။ ဒါလော့ဟာ နောက်တန်းနေရာမှာ ညာနောက်ခံလူကော ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်စွမ်းရှိနေတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မော်ရင်ဟို # ရိုးမား #ဒီယေဂိုဒါလော့