ရှေ့သို့
Image

ဥရောပရှိ Best dribblers စာရင်းတွင် ထရာအိုရေး၊ မက်စီမန်တို့ပါဝင် ထိပ်ဆုံး၅၀ထဲတွင် မက်ဆီမပါဝင်ခဲ့

11:24 AM, 14 November

လေ့လာစစ်ဆေးချက်အသစ်အရ ယခုနှစ် ဥရောပမှာ အကောင်းဆုံးလိမ်ခေါက်ကျော်ဖြတ်နိုင်သူတွေထဲတွင် ထရာအိုရေး၊ မက်စီမန်၊ နေမာ၊ ကိုင်လီမက်ပီတို့ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ထွက်ပေါ်လာတဲ့ စွမ်းဆောင်ရည် အချက်အလက်အရ ထရာအိုရေးက ဂိုးနှင့် အခွင့်အရေးဖန်တီးမှုပိုင်းမှာ အားနည်းနေသော်လည်း လိမ်ခေါက်ဖြတ်ကျော်မှုပိုင်းမှာ တခြားသူတွေထက် ရှေ့ရောက်နေပါတယ်။

CIES Football Observatory ရဲ့ဖော်ပြချက်အရ မိနစ်၁၀၀တိုင်းမှာ ထရာအိုရေးက ၁၁.၂ကြိမ် လိမ်ခေါက်ကျော်ဖြတ်နိုင်မှု ရှိပြီး သူရဲ့ အနီးကပ်ဆုံးပြိုင်ဘက် အေစီမီလန်အသင်းက ရာဖေးလ် လီယာအို (၇.၂ကြိမ်) ဖြစ်ပါတယ်။ နယူးကာဆယ်ရဲ့ တောင်ပံကစားသမား စိန့်မက်စီမန်က ၇.၀၂ကြိမ်နဲ့တတိယအကောင်းဆုံးမှာ ရှိပြီး ပီအက်စ်ဂျီစတားတွေဖြစ်တဲ့ နေမာက ၆.၂၈ကြိမ်၊ မက်ပီက ၅.၃၃ကြိမ် စီ ရှိပါတယ်။

ဒါပေမဲ့ သတိထားမိစရာကတော့ ပီအက်စ်ဂျီအသင်းမှာ ကစားနေတဲ့ မက်ဆီဟာ ဥရောပထိပ်တန်း၅လိဂ်အနက် ထိပ်ဆုံးကစားသမား ၅၀စာရင်းထဲမှာတောင် မပါဝင်ခဲ့ပါဘူး။ ဘော်လွန်းဒီအော်ဆု ၆ကြိမ်ရကစားသမားဟာ greatest dribbler အဖြစ် သတ်မှတ်ခံထားရပြီး လက်ရှိအနေအထားမှာတော့ သူရဲ့ ခြေစွမ်းတွေ ပျောက်ဆုံးနေတယ်ဆိုတာ အချက်အလက်တွေအရ သက်သေပြနေပါတယ်။

မနှစ်က မက်ဆီရဲ့ dribbling ဟာ မိနစ်၁၀၀မှာ အကြိမ် ၄.၉ရှိခဲ့ပြီး ယခုနှစ်မှာတော့ ပီအက်စ်ဂျီတွင် ၂.၇ကြိမ်သာ ရှိပါတယ်။ မနှစ်ကစပိန်တွင် သွင်းဂိုး၃၀နှင့် ဂိုးဖန်တီးမှု ၉ကြိမ်ရှိခဲ့သော်လည်း လီဂူးဝမ်းမှာတော့ သွင်းဂိုးနှင့် ဂိုးဖန်တီးမှု ယခုအထိ မရသေးပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာတော့ မက်ဆီတစ်ယောက် ပြီးခဲ့တဲ့ စက်တင်ဘာလက မန်စီးတီးကို ၂ဂိုးပြတ်နိုင်တဲ့ပွဲတွင် လိမ်ခေါက်ကျော်ဖြတ်ပြီး သွင်းယူတဲ့ ဂိုးအပါအဝင် ၃ဂိုးအထိ ပီအက်စ်ဂျီအတွက် ရယူပေးထားပါတယ်။

တဖက်မှာ အကောင်းဆုံးဖြတ်ကျော်နိုင်သူစာရင်းတွင် ထိပ်ဆုံးဦးဆောင်နေသူ ထရာအိုရေးဟာ ဝုဗ်အသင်းတွင် အရန်ခုံမှာသာ ထိုင်နေရသူဖြစ်ပါတယ်။နည်းပြ ဘရူနိလာဂီဟာ ဝုဗ်တိုက်စစ်တွင် ထရင်ကာအို၊ ဂျီမီနက်ဇ်၊ ဟွမ်ဟီချန်အတွဲကိုသာ ထုတ်သုံးနေပြီး ထရာအိုရေးတစ်ယောက် အရန်ခုံကနေသာ ဝင်ရောက်ကစားနေရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်  လိမ်ခေါက်ကျော်ဖြတ်နိုင်မှုဆိုတာ အောင်မြင်မှုနဲ့တိုက်ရိုက်သက်ဆိုင်မှုရှိမနေဘဲ ထိပ်ဆုံးမှာ ရှိနေတဲ့သူအများစုဟာ သွင်းဂိုးနဲ့ဂိုးဖန်တီးမှုပိုင်းမှာ အားနည်းလျက်ရှိနေကြတာကို တွေ့ရပါတယ်။

ပရီးမီးယားလိဂ်ရှိ Dribbling အကောင်းဆုံးကစားသမား ၁၀ယောက်
1.Adama Traore    Wolves     11.24     79%
2.Allan Saint-Maximin     Newcastle     7.02     61%
3.Lucas Moura     Tottenham     4.51     58%
4.Moussa Djenepo     Southampton     4.13     42%
5.Valentino Livramento     Southampton     4.05     73%
6.Raphinha Belloli     Leeds     3.94     51%
7.Wilfried Zaha     Crystal Palace     3.72     50%
8.Mason Greenwood     Manchester United     3.36     59%
9.Michail Antonio     West Ham     3.12     57%
10.Dwight McNeil     Burnley     3.07     53%

ဥရောပတစ်ဝန်း Dribbling အကောင်းဆုံး ကစားသမား ၁၀ယောက်
1.Adama Traore     Wolves     11.24     79%
2.Rafael Leao     AC Milan     7.10     68%
3.Allan Saint-Maximin     Newcastle     7.02     61%
4.Kamaldeen Sulemana     Rennes     6.44     56%
5.Neymar    PSG     6.28     60%
6.Alphonso Davies     Bayern Munich     6.14     66%
7.Jeremie Boga     Sassuolo     5.80     61%
8.Sofiane Boufal     Angers     5.52     54%
9.Nahitan Nandez     Calgliari     5.36     70%
10.Kylian Mbappe    PSG     5.33     56%

#ပီအက်စ်ဂျီ #မက်ဆီ #နေမာ #ထရာအိုရေး #မက်စီမန်