ရှေ့သို့
Image

ရန်ဒေးစ်ရဲ့ တည်ငြိမ်တဲ့လက်စွမ်းကို ချီးကျူးလိုက်တဲ့ အာဆင်နယ်ဂန္တဝင်ကစားသမား

12:55 PM, 13 November

အာဆင်နယ်ဂိုးသမား ရန်ဒေးစ်ဟာ Emirates မှာ စူပါလက်စွမ်းပြနေမှုနဲ့ ကစားနေတာကြောင့် ဂန္တဝင်ကစားသမားဖြစ်သူ  အီယန်ရိုက်က ချီးကျူးလိုက်ပါတယ်။ ယခုနွေရာသီအစောပိုင်းမှာ ရှက်ဖီးလ်ယူနိုက်တက်ကနေ ပေါင်သန်း၃၀ဖြင့် ရောက်ရှိလာသူ ရန်ဒေးစ်ဟာ အသင်းသစ်မှာ ပွဲထွက်ကစားရာတွင် ရှုံးပွဲကြုံတွေ့ထားဖူးခြင်း မရှိသေးပါဘူး။

အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးကစားပြနေသူထဲတွင် ရန်ဒေးစ်ဟာ အချိန်တိုအတွင်း စွမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး အရင်အသင်းတွေမှာ ကစားခဲ့ရာမှာ တန်းဆင်းခဲ့ရဖူးတဲ့ အချက်အလက်တွေရှိခဲ့လို့ အာဆင်နယ်ကို ရောက်ခါစမှာ မေးခွန်းထုတ်ခံရတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘားနတ်လီနိုနေရာမှာ အာတီတာရဲ့ ယုံကြည်စိတ်ချက်စွာ နံပါတ်တစ်ဂိုးသမားအဖြစ် ကျော်ဖြတ်နေရာရခဲ့ပြီး ၈ပွဲမှာ ၄ဂိုးသာ ပေးခဲ့ရကာ cleansheet ၅ပွဲအထိ ရယူပေးထားပါတယ်။ အသက်၂၃နှစ်သားဟာ သံသယဝင်သူတွေကို မှားယွင်းနေတယ်ဆိုတာ သက်သေပြထားတယ်လို့အီယန်ရိုက်က ပြောပါတယ်။

“အာဆင်နယ်အတွက် သူစွမ်းဆောင်ပြထားတာတွေက ထူးခြားမှုတစ်ခုပါဘဲ” ဟု ပရီးမီးယားလိဂ်ထံ ရိုက်က ရန်ဒေးစ်အကြောင်း ပြောပါတယ်။ “သူ ဒီလိုကစားပြနိုင်တာက အရမ်းကို ကျွန်တော်အတွက် စိတ်ကျေနပ်မိစေပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့သူ့ကို ပေါင်သန်း၃၀ဖြင့် ခေါ်ယူလိုက်တုန်းက လူတွေက တန်း၂ကြိမ်ဆင်းခဲ့ရတဲ့ ဂိုးသမားကို ဘယ်လိုမျိုး ခေါ်လိုက်တာတုန်း? လို့မေးခွန်းထုတ်ကြတယ်”

“အသင်းထံ သူအများကြီး ပေးဆပ်တာတွေ မြင်ရချိန်မှာ သူရဲ့ လက်ရှိ လက်စွမ်းပြမှုတွေကြောင့်တင်မဟုတ်ဘဲ သူရဲ့ အရည်အသွေးနဲ့ သူရဲ့ စိတ်ထားတွေကြောင့် အသင်းနဲ့လိုက်လျောညီထွေဖြစ်သွားတယ်။ ကျွန်တော်အမြင်အရ အာဆင်နယ်မှာ တသီးတသန့်နေတတ်တဲ့ ကစားသမားအများကြီးရှိပါတယ် သူက အဲဒီထဲကတစ်ယောက်ပါ ဒါပေမဲ့ သူ အာဆင်နယ်ကို ရှေ့ဆက်သွားအောင် ထိန်းထားပေးပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း အာတီတာက ရန်ဒေးစ်ကို ဘာကြောင့်ခေါ်ယူဖြစ်ခဲ့သလဲဆိုတဲ့ အချက်တစ်ချက်ကို ပြောပါတယ်။ “ကျွန်တော်တို့ပျောက်ဆုံးနေတဲ့အရာ အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုတွေ ဖော်ထုတ်ချင်တဲ့အခါမှာ ပိုပြီးကောင်းစွာကစားနိုင်တဲ့နေရာအတွက် ရွေးချယ်ဖော်ထုတ်ဖို့လိုအပ်ခဲ့ပါတယ်။ ဒါတွေအားလုံးက အရည်အသွေးပိုင်းတွေ ဖြစ်ပြီး ကျွန်တော်တို့တွေးမိခဲ့တာကတော့ အာရွန်က အရမ်းကို အကျိူးရှိစေမယ့်ကစားသမားလို့ပါ”

“သူဂိုးပေးလိုက်ရချိန် အမှားလုပ်ချိန် ခက်ခဲတဲ့အနေအထား စတဲ့ဖြစ်ရပ်တွေကို ကျွန်တော်ပြန်ကြည့်ခဲ့ပါတယ်။ ဒါတွေက ကျွန်တော်တို့သူကို ခေါ်ယူလိုက်တဲ့ အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်တယ် ဘာလို့လဲဆိုတော့ သူ ဒါတွေနဲ့ကောင်းစွာကိုင်တွယ် ဖြေရှင်းနိုင်လို့ပါဘဲ” ဟု ပြောကြားသွားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ဘားနတ်လီနို #ရန်ဒေးစ်