ရှေ့သို့
Image

သူ့ရဲ့အောင်ပွဲခံပုံက ဘယ်သူ့ကိုမှ ရည်ရွယ်တာမဟုတ်ဘူးလို့ မက်ဂွါရီ ရှင်းလင်း

11:05 AM, 13 November

အင်္ဂလန်အသင်းနောက်ခံလူ မက်ဂွါရီက အယ်လ်ဘေးနီးယားနဲ့ပွဲမှာ ဂိုးသွင်းအပြီး အောင်ပွဲခံရာမှာ နားစွင့်နေတဲ့ပုံပြုလုပ်ခဲ့တာက သူ့အပေါ် ဝေဖန်မှုတွေကို တုံပြန်မှုမဟုတ်ဘူးလို့ ဖြေရှင်းလာပါတယ်။ မက်ဂွါရီဟာ အယ်လ်ဘေးနီးယားကို ၅-ဝဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် သူ့ရဲ့အောင်ပွဲခံမှုနဲ့ ပတ်သက်လို့ လှောင်ပြောင်ခံနေရပြီး ယူနိုက်တက်ကစားသမားဘဝမှာ ခြေစွမ်းပျောက်ဆုံးနေမှုအပေါ်  ပြန်လည်တုံ့ပြန်မှုအဖြစ် ရှုမြင်ခံနေရပါတယ်။

ဒ့ါအပြင် ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလည်း မက်ဂွါရီရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး ရှက်စရာကောင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မက်ဂွါရီကတော့ မိမိအနေနဲ့ ဝေဖန်မှုတွေကို တိတ်ဆိတ်သွားစေဖို့ လုပ်ဆောင်ခဲ့တာမဟုတ်ဘူးလို့ ပြောပါတယ်။

''ဒီလိုအောင်ပွဲခံခဲ့တာက ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူး။ ဒူးနဲ့ ဆလိုက်ထိုး အောင်ပွဲခံခဲ့တာပဲ ရှိပါတယ်။ ကျွန်တော်က ယူနိုက်တက်အသင်းခေါင်းဆောင်ပါ။ အသင်း ရလဒ်မကောင်း၊ ခြေစွမ်းမပြနိုင်တဲ့အချိန်မှာ ကျွန်တော်လည်း ဝေဖန်ခံရပါမယ်။ ဒါကိုလည်း အပြည့်အဝမျှော်လင့်ထားပါတယ်''လို့ မက်ဂွါရီက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #မက်ဂွါရီ #ရွိုင်ကိန်း #အယ်ဘေးနီးယား