ရှေ့သို့
Image

ကစားသမားဘ၀ အခက်ခဲဆုံးပြိုင်ဘက်ကို ပြောပြသွားတဲ့ မာတစ်

11:00 AM, 13 November

နီမန်ဂျာ မာတစ်က မန်စီးတီးကွင်းလယ်လူ ယာယာ တိုရေးဟာ ကစားသမားဘ၀ အခက်ခဲဆုံး ပြိုင်ဘက်ဖြစ်တယ်လို့ ရွေးချယ်သွားခဲ့ပါတယ်။ တိုရေးဟာ မန်စီးတီးမှာ ၈နှစ်ကြာ ကစားခဲ့ကာ ပွဲပေါင် ၂၃၀ ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ကြိမ်၊ အက်ဖ်အေဖလား ၁ကြိမ်နဲ့ လိဂ်ဖလား ၂ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကို ဆွတ်ခူးခဲ့ပါတယ်။

ရှားပါးတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ တိုရေးဟာ ခံစစ်တိုက်စစ် ၂ဖက်စလုံး အထူးကောင်းမွန်အောင် ကစားနိုင်ပြီး မန်စီးတီးအတွက်လည်း အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးခဲ့ကာ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်က ဂိုး၊ စတုတ်နဲ့ ဗိုလ်လုပွဲက ဂိုးတွေက နာမည်ကျော်ပါတယ်။ ယူနိုက်တက်ကွင်းလယ်လူ မာတစ်ကတော့ ပြိုင်ဆိုင်မှုတွေကို ဘေးဖယ်ကာ တိုရေးကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

မာတစ်က “ကျွန်တော့်အတွက် အခက်ခဲဆုံး ပြိုင်ဘက်က မန်စီးတီးက ယာယာတိုရေး ဖြစ်နိုင်ပါတယ်။ အကောင်းဆုံး အချိန်မှာ သူက အရမ်းကောင်းခဲ့ပြီး ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား၊ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတောင် ဖြစ်နိုင်ပါတယ်” “ဒါကြောင့် ကျွန်တော် သူနဲ့ ရင်ဆိုင်ရတာ ပျော်ပါတယ်။ သူက ကျွန်တော့်ကို အမြဲတမ်း အခက်တွေ့စေပြီး သူနဲ့ ရင်ဆိုင်မယ်ဆိုရင် အကောင်းဆုံး ဖြစ်နေဖို့ လိုပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

တစ်ဖက်မှာတော့ ၃၃နှစ်သားက ကစားသမားဘ၀ ကုန်ဆုံးရင် နည်းပြဘ၀ကို ဆက်သွားဖို့ စီစဉ်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။ “နည်းပြလုပ်ဖို့ စီစဉ်ထားပါတယ် ကျွန်တော် နည်းပြရာထူးအတွက် စတင်နေပေမဲ့ အဲ့ဒီအကြောင်း မစဉ်းစားသေးပဲ ခုတော့ ဘောလုံးကစားခြင်းကိုပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော့်မှာ ၄၊ ၅ရာသီလောက် ကစားဖို့ ကျန်ပါသေးတယ်။ အဲ့ဒါပြီးရင်တော့ ဘာဖြစ်မလဲ စောင့်ကြည့်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

#မန်စီးတီး #နီမန်ဂျာ မာတစ် #ယာယာ တိုရေး