ရှေ့သို့
Image

ဆွစ်ဇာလန်နဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဂျော်ဂျင်ဟိုကို ကာကွယ်လိုက်တဲ့ မန်စီနီ

10:48 AM, 13 November

အီတလီနည်းပြ ရောဘတ်တို မန်စီနီက ယမန်နေ့ည ဆွစ်ဇာလန်နဲ့ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဂျော်ဂျင်ဟိုကို ကာကွယ်ပြောကြားခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီကို ဝင်အောင်ကန်နိုင်မယ်ဆိုရင် အီတလီအသင်း အနိုင်ရမှာ ဖြစ်ပေမဲ့ ဂျော်ဂျင်ဟိုက မိုးပေါ်ထောင်ကန်သွားတာ ဖြစ်ပါတယ်။

မန်စီနီက အီတလီမှာ ပင်နယ်တီကန်အကောင်းဆုံး ကစားသမားတစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျော်ဂျင်ဟိုတစ်ယောက် မှန်ကန်တဲ့အရာကို လုပ်ခဲ့တာသာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ မန်စီနီက “ကျွန်တော်တို့ ပထမအကျော့က ပင်နယ်တီလွဲခဲ့သလို ခုလည်း ပင်နယ်တီ လွဲပါတယ်။ ဒီလိုအရာမျိုးက ဖြစ်တတ်ပါတယ်။ ဂျော်ဂျင်ဟိုက မှန်ကန်စွာ ကန်လိုက်တယ်လို့ ခံစားရပါတယ်”

“သူက အသင်းမှာ ပင်နယ်တီကန် အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ခံလိုက်ရပြီး ရုန်းကန်ခဲ့ရပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့ အနိုင်ဂိုးရမယ့် အခွင့်အရေးကို လွဲချော်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။ နောက်ခံလူ ဒီလော်ရန်ဇိုကလည်း “ဂျော်ဂျင်ဟိုက ချန်ပီယံကောင်း၁ဦး ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပင်နယ်တီကန်သွင်းသူပါ။ သူ ဒီအခြေအနေကနေ ရုန်းထွက်နို်ငဖို့ ကျွန်တော်တို့ ကူညီရပါမယ်”လို့ပြောခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာ ယူရို၂၀၂၀ အင်္ဂလန်နဲ့ ဗိုလ်လုပွဲမှာလည်း ပင်နယ်တီ လွဲချော်ခဲ့ပေမဲ့ အီတလီကတော့ ပင်နယ်တီကန်သွင်းမှုမှာ အနိုင်ရကာ ယူရိုဆုဖလား ဆွတ်ခူးခဲ့ပါတယ်။ အီတလီဟာ မြောက်အိုင်ယာလန်နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား နောက်ဆုံးခြေစစ်ပွဲအဖြစ် ကစားသွားရမှာ ဖြစ်ပါတယ်။

#အီတလီ #ဂျော်ဂျင်ဟို #ဆွစ်ဇာလန် #မန်စီနီ