ဆိုးလ်ရှားအထုတ်ခံရပါက ယူနိုက်တက်နည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ရော်ဂျာ
10:44 AM, 13 November
သတင်းတွေအရ လက်စတာအသင်းနည်းပြ ရော်ဂျာဟာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ ဖော်ပြနေကြပါတယ်။ ယူနိုက်တက်ဟာ လီဗာပူးအသင်းကို ၅ ဂိုးပြတ် အရေးနိမ့်ခဲ့သလို မန်ချက်စတာဒါဘီမှာလည်း မန်စီးတီးကိုလည်း ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ကာ အဆင့် ၆ နေရာမှာရပ်တည်နေပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ယူနိုက်တက်တာဝန်ရှိသူတွေကတော့ နည်းပြနေရာကိုအပြောင်းအလဲမလုပ်ပေမယ့်လည်း ဆိုးလ်ရှားဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ The Sun သတင်းဌာနက ဆိုးလ်ရှားနေရာမှာ အစားဝင်နိုင်မယ့်သူတွေကို ထုတ်ဖော် ရေးသားခဲ့ပါတယ်။ ယူနိုက်ကတ်ဟာ နည်းပြနေရာအတွက် ကွန်တီ ၊ ရော်ဂျာ ၊ ဇီဒန်း နဲ့ တန်ဟက်ချ်တို့ ပါဝင်နေပါတယ်။
ဒါပေမယ့် ကွန်တီကဟာ တော့တင်ဟမ်နည်းပြသစ်ဖြစ်လာခဲ့ပြီးနောက် အခြားနည်းပြ ၃ ဦးကိုသာ မြှားဦးလှည့်ရဖွယ် ရှိနေပါတယ်။ ဇီဒန်းကလည်း ရေပန်းစားနေပေမယ့် ပြင်သစ်သားကိုယ်တိုင်က ယူနိုက်တက်နည်းပြအလုပ်ကို စိတ်မဝင်စားဘူးလို့ ထုတ်ဖော်ပြောကြားထားပါတယ်။
တန်ဟက်ချ်ကိုချဉ်းကပ်နေပေမယ့် အေးဂျင့်ဖြစ်သူကို ယူနိုက်တက်ရာထူးအတွက် မဆွေးနွေးချင်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အေဂျက်နည်းပြကိုတော့ နယူးကာဆယ်အသင်းက ချိတ်ဆက်ခဲ့ပေမယ့်လည်း အေဂျက်မှာသာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ ယူနိုက်တက်နည်းပြနေရာအတွက် ရော်ဂျာက ရေပန်းအစားဆုံးဖြစ်နေတယ်လို့ ဖော်ပြနေကြပါတယ်။ အသက် ၄၈ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက လက်စတာကို အက်ဖ်အေဖလား ရယူပေးနိုင်ခဲ့အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။