ရှေ့သို့
Image

အယ်ဘေးနီးယားနဲ့ပွဲက မက်ဂွါရီရဲ့ အောင်ပွဲခံမှုကို ရှက်စရာကောင်းတယ်ဆိုပြီး ရွိုင်ကိန်းဝေဖန်

9:19 AM, 13 November

ရွိုင်ကိန်းက ယမန်နေ့ည အယ်ဘေးနီးယားနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် မက်ဂွါရီရဲ့ အောင်ပွဲခံမှုကို ရှက်စရာကောင်းတယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ မက်ဂွါရီဟာ အဆိုပါပွဲစဉ်မှာ ဂိုးသွင်းခဲ့ပြီးနောက် နား၂ဖက်ကိုပိတ်ကာ လက်ရှိ ခြေစွမ်းကြောင့် ဝေဖန်နေကြသူတွေကို ပြန်လည်တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကိန်းကတော့ ခံစစ်မှူးရဲ့ တုံ့ပြန်ပုံအပေါ် ကျေနပ်ခြင်း မရှိပဲ အဆိုပါဂိုးက ကလပ်မှာ လက်ရှိစွမ်းဆောင်ရည် ဆိုးရွားနေမှုကို အဖက်ဆယ်နိုင်ဖို့ မလုံလောက်ဘူးဆိုပြီး ပြောခဲ့ပါတယ်။ ရွိုင်ကိန်းက “သူ ဝေဖန်သူတွေကို ပါးစပ်ပိတ်နိုင်ပြီလို့ ထင်နေပါတယ်။ ဒါပေမဲ့ အဲ့ဒီလို အောင်ပွဲခံတာက ရှက်စရာကောင်းတယ်လို့ ထင်ပါတယ်။ သူ ပြီးခဲ့တဲ့လတွေအတွင်း ယူနိုက်တက်မှာ ခြေစွမ်းဆိုးနေပြီး ခု ဂိုးသွင်းလိုက်တော့ ဝေဖန်သူတွေကို ပါးစပ်ပိတ်ပစ်နိုင်ပြီလို့ ထင်နေပါတယ်။ တကယ်ရှက်စရာပါ”လို့ ပြောခဲ့ပါတယ်။

သူ့အောင်ပွဲခံပုံနဲ့ ပတ်သက်ပြီး မက်ဂွါရီက “ကျွန်တော် လျောထိုးပြီး အောင်ပွဲလိုက်တာပါပဲ။ ဒါကပုံမှန်ပါပဲ။ နိုင်ငံအတွက် ဂိုးသွင်းနိုင်ခဲ့တဲ့ ခံစားချက်က အရမ်းကောင်းပါတယ်။ ဒါကဘယ်သူ့ကိုမှ တိုက်ရိုက် လုပ်လိုက်တာ မဟုတ်ပဲ့ အင်္ဂလန်အတွက် ဂိုးသွင်းနိုင်ခဲ့ပြီး ၃မှတ်ရခဲ့ပါတယ်”လို့ ဆိုပါတယ်။ ဆက်လက်ပြီး ရွိင်ကိန်းက တော့တင်ဟမ်မှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ ဟယ်ရီကိန်းကိုလည်း ဝေဖန်သွားခဲ့ပါတယ်။

ကိန်းက “သူ တက်ကြွနေရပါမယ်။ သူကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး ဒီစိတ်ပျက်မှုတွေကနေ ရုန်းထွက်လိုက်ပါလို့ ပြောရပါမယ်။ သူက တော့တင်ဟမ်မှာ ကစားနေတာကြောင့် စိတ်ပျက်မှုတွေနဲ့ အသားကျရပါမယ်။ အခြေခံ အရာလေးတွေလုပ်မယ်။ ဘောလုံးကိုင်မယ်။ ဦးဆောင်နိုင်တဲ့ စကေးအနည်းငယ်ပြမယ်။ နောက်ထပ်ဘာဆင်ခြေမှ ထပ်မပေးသင့်ပါဘူး”လို့ ပြောခဲ့ပါတယ်။

#တော့တင်ဟမ် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #မက်ဂွါရီ #ဟယ်ရီကိန်း #ရွိုင်ကိန်း #အယ်ဘေးနီးယား