ရှေ့သို့
Image

ကမ္ဘာ့ဖလားခြေစစ်ပွဲများ (ဥရောပဇုန်): ဂျော်ဂျင်ဟို ပင်နယ်တီလွဲမှုနှင့်အတူ အီတလီသရေကျ၊ ဟယ်ရီကိန်းဟက်ထရစ်အပါအဝင် ဂိုးပြတ်အနိုင်ရခဲ့တဲ့အင်္ဂလန်

9:15 AM, 13 November

ဆွစ်ဇာလန်ကို အိမ်ကွင်းမှာ ဧည်ခံတဲ့ပွဲတွင် ဂျော်ဂျင်ဟိုရဲ့ ပြီးခါနီး ရတဲ့ ပင်နယ်တီလွဲချော်မှုနှင့်အတူ ၁-၁ သရေသာကစားနိုင်ခဲ့ပြး နှစ်သင်းလုံးက အုပ်စု C  တွင် ကမ္ဘာ့ဖလား တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့အခွင့်အရေ းရှိနေပါတယ်။

၇ပွဲမှာ ၁၅မှတ်ရထားခြင်းနှင့်အတူ အနိုင်ရမယ့်အသင်းက နောက်တဆင့်တက်နိုင်မှာပါ။ အီတလီက ဆွစ်ဇ်ထက် ဂိုးအရေအတွက်ကွာနဲ့အတူ ထိပ်ဆုံးမှာရှိနေပြီး မြောက်အိုင်ယာလန်က လစ်သူနေးနီးယားကို ၁ဂိုးဂိုးမရှိဖြင့် နိုင်ကာ ရမှတ်၈မှတ်ဖြင့် တတိယနေရာမှာ ရှိနေပါတယ်။ အီတလီက တနင်္လာနေ့တွင် နောက်ဆုံးပွဲအဖြစ် မြောက်အိုင်ယာလန်ကို ဧည်ခံရမှာဖြစ်ကာ ဆွစ်ဇာလန်ကတော့ အဆင့်၄နေရာက ဘူလ်ဂေးရီးယားကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းက အီတလီထက်စာရင် ပွဲအစပိုင်းမှာ ခြေစွမ်းကောင်းခဲ့ပြီး နောက်ခံလူ ဝစ်မာရဲ့ ဧရိယာထိပ်က အပြင်းကန်သွင်းချက်က အီတလီကို ပွဲအစ ၁၁မိနစ်မှာတင် ငုတ်တုတ်မေ့စေခဲ့ပါတယ်။ အဲဒီနောက်မှာ အီတလီအသင်း အသည်းအသည်ပြန်တိုက်စစ်ဆင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဒီလော်ရမ်ဇိုက ဖရီးကစ်ကနေ ခေါင်းတိုက်သွင်းပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းလုံး အခွင့်အရေးကိုယ်စီတွေ ရခဲ့ကြပြီး ချီဆာရဲ့ ထောင့်ထဲကန်ချက်အား ဂိုးသမားပုတ်ထုတ်ခဲ့သလို ပွဲပြီးခါနီးမှာ အီတလီကစားသမား ဘာရာဒီကို ပင်နယ်တီဧရိယာအတွင်း ဆွဲလှဲရာကနေ ရရှိလာတဲ့ အလုံးကို ဂျော်ဂျင်ဟို ကန်သွင်းရာ ဂိုးပေါ်ထောင်တက်သွားခဲ့လို့နစ်နာခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်လိုက်ရပါတယ်။

အုပ်စု F :  Play-Offs ကစားခွင့်ရသွားတဲ့  စကော့တလန်
============
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့စကော့တလန်အသင်းဟာ ပက်တာဆန်ရဲ့ ပထမဆုံးနိုင်ငံတကာသွင်းဂိုးကြောင့် play-off ကစားခွင့်ရသွားပါတယ်။ ရိန်းဂျားစ်နောက်ခံလူဟာ ချီအဒမ်စ်ရဲ့ ဒုတိယဂိုးကိုလည်း ဖန်တီးမှုပေးနိုင်ခဲ့တာဖြစ်ပြီး မော်ဒိုဗာကို သက်တောင့်သက်သာနိုင်စေခဲ့ပါတယ်။ ဒီအတွက်ကြောင့် နည်းပြကလာ့ခ်ရဲ့ စကော့တလန်အသင်းဟာ ဒုတိယနေရာ ခိုင်မာသွားခဲ့ပြီး play-offs ကန်ခွင့်ရသွားပါတယ်။

အဆိုပါပွဲတွင် ချီအဒမ်စ်က ဂိုး၂ဂိုးသွင်းခဲ့သော်လည်း ခွင့်မပြုခံရတဲ့အတွက် ဂိုးမပြတ်ခဲ့တာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် တတိယနေရာက အစ္စရေးကိုတော့ နောက်ကောက်ချနိုင်ခဲ့ပြီး နောက်ဆုံးပွဲမှာ ဒိန်းမတ်နဲ့ရင်ဆိုင်ရမှာပါ။ ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်တဲ့ ဒိန်းမတ်က ဖာရိုးကျွန်းစုကို သက်တောင့်သက်သာဘဲ ၃-၁ဂိုးဖြင့် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အုပ်စု ၈ပွဲဆက် ပေးဂိးမရှိကစားထားတဲ့ ခံစစ်က ဖာရိုးကျွန်းစုနဲ့အတွေ့မှာ ကျိုးပျက်ခဲ့ပါတယ်။

ပွဲအစ၁၈မိနစ်မှာတင် ဒိန်းမတ်က စကော့အိုလ်ဆင်ရဲ့ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး အရန်ခုံကနေ လာဆင်က ဒုတိယဂိုးဆက်သွင်းကာ ပွဲကို အေးဆေးဘဲ ကစားသွားခဲ့ပါတယ်။ ဒါပေမဲ့ ဖာရိုးကျွန်းစုဘက်က လူစားဝင်ကစားသမား အိုလ်ဆင်က ၈၉မိနစ်မှာ  သွင်းယူသွားခဲ့လို့ဒိန်းမတ်ရဲ့ ပေးဂိုးမရှိခံစစ်က ကျိုးပျက်သွားခဲ့ပါတယ်။အဲဒီနောက် အချိန်ပို၃မိနစ်မှာ ဒိန်းတ်ကစားသမား မေဟဲလ်က တတိယဂိုး ဆက်သွင်းခဲ့ပါတယ်။

အုပ်စု I : အယ်လ်ဘေးနီးယားကို ဂိုးပြတ်နိုင်ပြီး ခြေစစ်ပွဲအောင်ဖို့နီးလာတဲ့ အင်္ဂလန်
=========
ဟယ်ရီကိန်းရဲ့ ခြေစွမ်းပေါ်ကာ ဟက်ထရစ်ဂိုးနဲ့အတူ အင်္ဂလန်အသင်းဟာ ပြိုင်ဘက်အယ်လ်ဘေးနီးယားကို အိမ်ကွင်းမှာ ဂိုးပြတ်သွင်းခဲ့ပါတယ် အဆိုပါ၅ဂိုးစလုံးကို အင်္ဂလန်ဟာ ပထမပိုင်းမှာတင် သွင်းယူခဲ့တာဖြစ်ပြီး လာမယ့် ဆန်မာရီနိုပွဲမှာ  သရေတစ်မှတ်သာရပါက ခြေစစ်ပွဲအောင်တော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်အတွက်ဂိုးတွေကို ဟယ်ရီကိန်းက ဟက်ထရစ်၃ဂိုး၊ ဟန်ဒါဆန်က ၁ဂိုး၊ နောက်ခံလူ မက်ဂွါရီက ခေါင်းတိုက်ဂိုး ၁ဂိုး သွင်းယူပေးခဲ့ပါတယ်။

ပိုလန်အသင်းကလည်း အန်ဒိုရာကို ၄-၁ဂိုးဖြင့် နိုင်ကာ ဒုတိယနေရာ play-off သေချာသွားစေခဲ့ပြီး ထုံးစံအတိုင်း တိုက်စစ်မှူးလီဝမ်ဒေါ့စကီးကဘဲ ခြေစွမ်းပြဂိုးတွေ ရယူခဲ့တာဖြစ်ပါတယ်။ အန်ဒိုရာကစားသမား ဖာနန်ဒက်ဇ်က ပွဲအစစက္ကန့်၂၀မှာတင် နောက်ခံလူ ဂလစ်ခ်အား တံတောင်ကျွေးတဲ့အတွက် တိုက်ရိုက်အနီကတ်ထိခဲ့ပြီး တစ်ပွဲလုံးတစ်ယောက်လျော့ကစားခဲ့ရလို့ပိုလန်အသင်းက ထိန်းချုပ်သွားခဲ့ပါတယ်။

ပိုလန်ရဲ့ အဓိကတိုက်စစ်မှူး လီဝမ်က ပွဲအစ၅မိနစ်မှာတင် ဂျိုဝီယာခ်ရဲ့ ဖြတ်တင်ဘောကနေ သွင်းယူပေးခဲ့ပြီး နောက်ထပ်၆မိနစ်အကြာမှာ ဖရန်ကော့စကီးရဲ့ ဖြတ်တင်ဘောကနေ ဂျိုဝီယာခ်က ထပ်သွင်းခဲ့ပါတယ်။ အန်ဒိုရာအသင်းက ၄၅မိနစ်မှာရတဲ့ ဖရီးကစ်ကနေ ဗာလေးစ်က ဂိုးသမား ဆက်ဇက်နီကို ကျော်ဖြတ်ကာ ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပိုလန်တိုက်စစ်မှူး မီလစ်က ပထမပိုင်းမပြီးခင်မှာ ၃-၁ဖြစ်စေခဲ့ပြီး မတ်လနောက်ပိုင်း သူရဲ့ နိုင်ငံတကာသွင်းဂိုး ဖြစ်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ လီဝမ်ဒေါ့စကီးက ဇီလန်စကီးရဲ့ ပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူကာ ၈ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ပိုလန်အသင်းက ၉ပွဲမှာ ရမှတ်၂၀ရထားပြီး အင်္ဂလန်နဲ့၃မှတ်အကွာရှိနေကာ ၊ အယ်လ်ဘေးနီးယားနဲ့၅မှတ်အကွာမှာ ရှိနေပါတယ်။

#အင်္ဂလန် #အီတလီ #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ဂျော်ဂျင်ဟို #ဟယ်ရီကိန်း