ရှေ့သို့
Image

ဆိုးလ်ရှားရဲ့နေရာမှာ အစားဝင်နိုင်မယ့် ယူနိုက်တက်နည်းပြသစ် ဘယ်သူဖြစ်လာနိုင်မလဲဆိုတာ ခန့်မှန်းလိုက်တဲ့ မက်မနာမန်

3:04 PM, 12 November

လီဗာပူးဂန္ထဝင်ကွင်းလယ်လူ စတိဗ်မက်မနာမန်က တကယ်လို့ ယူနိုက်တက်အနေနဲ့ နည်းပြသစ်အဖြစ် လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့နေရာမှာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို ခန့်အပ်ရင် အံ့အားသင့်မိမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ယခုရာသီအစမှာ ယူနိုက်တက်အသင်း ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီးနောက် နည်းပြဆိုးလ်ရှားလည်း ဖိအားတွေအောက် ရောက်နေရပြီး ပွဲစဉ် ၁၁ အပြီးမှာ အဆင့် ၆နေရာ ရောက်နေရသလို နောက်ဆုံး ၄ပွဲမှာလည်း ၃ပွဲအထိ အရေးနိမ့်ထားပါတယ်။

ယူနိုက်တက်ဟာ ပွဲစဉ် ၁၁အပြီးမှာ ၄ပွဲအထိ အရေးနိမ့်ထားပြီးဖြစ်ပေမယ့် အသင်းကတော့ နည်းပြဆိုးလ်ရှားကို ထောက်ခံနေဆဲဖြစ်ပါတယ်။ ''ဆိုးလ်ရှားအပေါ် ဖိအားတွေရောက်နေတာ အမှန်ပါပဲ။ တကယ်လို့ ယူနိုက်တက်အနေနဲ့ သူ့ကို ထုတ်ပယ်ပြီး ပိုချက်တီနိုကို အစားထိုးခန့်အပ်မယ်ဆိုရင် ကျွန်တော် အံ့အားသင့်နေမှာမဟုတ်ပါဘူး။ အခုနောက်ပိုင်း ပီအက်စ်ဂျီကို တာဝန်ယူတဲ့နည်းပြတွေက သိပ်အကြာကြီးမခံခဲ့ပါဘူး။ ပြီးတော့ ပိုချက်တီနိုကလည်း အင်္ဂလိပ်ဘောလုံးလောကနဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံတွေရှိနေပါတယ်''လို့ မက်မနာမန်က ပြောပါတယ်။

ဒါ့အပြင် ရီးရဲလ်ကြယ်ပွင့်ဟောင်း မက်မနာမန်က ယူနိုက်တက်မှာ လက်စတာနည်းပြ ရော်ဂျာနဲ့ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းတို့ အံမဝင်နိုင်ကြောင်း သုံးသပ်ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #မက်မနာမန်