ရှေ့သို့
Image

အမှတ်ပေးဖလားတိုက်ပွဲက မြင်းနှစ်ကောင်တည်း ပြေးတဲ့ ပြိုင်ပွဲမဟုတ်တော့ကြောင်း ချဲလ်ဆီးဂိုးသမားဟောင်း ပီတာချက်သုံးသပ်

2:19 PM, 12 November

ယခုနှစ် ပရီးမီးယားလိဂ်အမှတ်ပေးတိုက်ပွဲက မြင်းနှစ်ကောင် ပြေးတဲ့ပြိုင်ပွဲမဟုတ်ဘဲ မန်စီးတီး၊လီဗာပူး၊ ဝက်စ်ဟမ်းတို့အားလုံး ခြေစွမ်းပြနေကြတယ်လို့ချဲလ်ဆီးဂိုးသမားဟောင်း ပီတာချက်က ပြောပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံအသင်း ချဲလ်ဆီးအသင်းက ယခုနှစ်အတွင်း လိဂ်၁၁ပွဲမှာ ၈ပွဲနိုင်ထားပြီး လက်ရှိအမှတ်ပေးချန်ပီယံ မန်စီးတီးထက် ၃မှတ်အကွာဖြင့် ဇယားထိပ်မှာ ဦးဆောင်ထားပါတယ်။

နည်းပြ ဂွါဒီယိုလာရဲ့ စီးတီးဟာ ယခုနှစ်မှာ ၂ပွဲရှုံးထားပေမယ့် ချဲလ်ဆီးကို စတန်းဖို့ဘရစ်ချ်မှာ နိုင်ထားသလို ပြီးခဲ့တဲ့အပတ်ကလည်း မန်ချက်စတာယူနိုက်တက်ကို ၂ဂိုးပြတ် နိုင်ထားပါတယ်။ ၂၀၂၀တွင် အမှတ်ပေးဖလားရထားတဲ့ လီဗာပူးက မန်စီးတီးနဲ့ရမှတ်တူနေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို ပထမဆုံးရှုံးပွဲအဖြစ် အရေးနိမ့်ထားပါတယ်။ ချဲလ်ဆီးရဲ့ ရာသီအစတာထွက်မှုနှင့် အမှတ်ပေးတိုက်ပွဲအကြောင်း မေးမြန်းရာမှာ ဂိုးသမားပီတာချက်က “ကျွန်တော်တို့တော်တော်လေး တာထွက်ကောင်းထားပါတယ်။ နည်းပြအဖွဲ့က အကောင်းဆုံး လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်”


“နိုင်ငံတကာဂျူတီမှာ ကျွန်တော်တို့အသင်းက ကစားသမားအများအပြား ပါဝင်ထားသလို ရာသီကြိုခြေစမ်းပွဲတွေက အမှန်တကယ်အရေးပါခဲ့တယ်။ လက်ရှိ ကျွန်တော်တို့ ရောက်နေတဲ့အနေအထားအရ အားလုံးကို ချီးကျူးရမှာပါ။ ပရီးမီးယားလိဂ်မှာ ပွဲတိုင်း ကြည့်ရတာက အရသာရှိလှပြီး ဒရာမာကောင်းတွေလည်း အများကြီးရှိနေပါတယ် အသင်းတိုင်းက အသင်းအားလုံးကို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ အမှတ်ပေးတိုက်ပွဲက မြင်းနှစ်ကောင်းပြေးနေတာ မဟုတ်တော့ပါဘူး” ဟု ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ နိုင်ငံတကာရက်သတ္တပတ် မတိုင်မီ ၅မှတ်ပြတ်နိုင်ခဲ့ပေမယ့် ဘန်လေအသင်းနဲ့ စတန်းဖို့ဘရစ်ချ်မှာ ၁-၁ သရေသာ ကစားနိုင်ခဲ့ပြီး ၂မှတ်လျော့ခဲ့ပါတယ်။ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ချဲလ်ဆီးအသင်းအနေဖြင့် ကင်းပါဝါကွင်းထံ လက်စတာအသင်းနဲ့ အဝေးကွင်းမှာ ပွဲကြပ်တစ်ပွဲ သွားရောက်ရင်ဆိုင်ရမှာ  ဖြစ်ပါတယ်။

#မန်စီးတီး #ချဲလ်ဆီး #ဂွါဒီယိုလာ #ပီတာချက်