ရှေ့သို့
Image

ဖီနာဘာချီကြယ်ပွင့်နောက်ခံလူ ဇလိုင်းကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့တဲ့ ချဲလ်ဆီး

1:34 PM, 12 November

ချဲလ်ဆီးအသင်းဟာ ဖီနာဘာချီကြယ်ပွင့် အတီလာ ဇလိုင်းကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားကြောင်း တူရကီရှိ  သတင်းများအရ သိရသည်။ ချန်ပီယံလိဂ်ချန်ပီယံအသင်းဟာ နွေရာသီမှာ ခံစစ်ပိုင်းကို အားဖြည့်ရန် စဉ်းစားထားခဲ့ပါတယ်။ ဒါပေမဲ့လည်း အဓိကပစ်မှတ်တွေ ဖြစ်တဲ့ ကွန်ဒီကို မခေါ်ယူနိုင်ခဲ့ဘဲ ဆီဗီလာရဲ့ ပေါင်၆၅သန်းနီးပါး တောင်းဆိုမှုကြောင့် မအောင်မြင်ခဲ့ပါဘူး။

အသင်းရှိနောက်ခံလူ ရူဒီဂါဟာလည်း ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးသွားမှာ ဖြစ်တာကြောင့် နည်းပြတူချယ်ဟာ အနာဂတ်အတွက် ပလန်ချနေခဲ့တာပါ။ လက်ရှိတွင် ကွန်ဒီဟာ ချဲလ်ဆီးရဲ့ ရေဒါထဲတွင် ရှိနေသေးပြီး ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်ချ်ကိုလည်း မျက်စိကျမှု ရှိပါတယ်။ ဒါပေမဲ့ ဈေးတန်သော ကစားသမားအဖြစ် ဖီနာဘာချီနောက်ခံလူ ဆလိုင်းဇ် ပေါ်ထွက်လာပါတယ်။

တူရကီရှိ သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ဇလိုင်းအတွက် ယူရို၂၃.၄သန်း ပေးချေရန် ဖီနာဘာချီအသင်းနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီး လာမယ့်ဇန်နဝါရီလအပြောင်းအရွှေ့မှာ အသက်၂၃နှစ်အရွယ် ဟန်ဂေရီနောက်ခံလူကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆွေးနွေးမှုတွေက အရှိန်မြင့်ခဲ့တာဖြစ်ပြီး ဇလိုင်းဟာ စတန်းဖို့ဘရစ်ချ်မှာ တစ်နှစ်လုပ်ခ ယူရို၄သန်းနဲ့အတူ ၆နှစ်စာချုပ် ချုပ်ဆိုသွားဖွယ် ရှိပါတယ်။

ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ဇလိုင်းဟာ ဟန်ဂေရီသမိုင်းမှာ ဈေးအကြီးဆုံး ကစားသမား ဖြစ်လာနိုင်ပါတယ်။  လက်ရှိဈေးအကြီးဆုံးသူကတော့ ဆဲလ်ဘတ်ကနေ လိုက်ပ်ဇစ်အသင်းထံ ရောက်သွားတဲ့ ဇိုဘိုဇလိုင်းက ယူရိုသန်း၂၀ဖြင့် ရှိနေပါတယ်။ အက်သလက်တီကို အသင်းကလည်း နောက်ခံလူဆားဗစ်နှင့် ဂျီမီနက်ဇ်တို့ရဲ့ အရန်အဖြစ် ဇလိုင်းကို စိတ်ဝင်စားမှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားအရ ချဲလ်ဆီးအသင်းက လက်ဦးသွားတာကြောင့် လာလီဂါချန်ပီယံတွေအနေနဲ့တခြားပစ်မှတ်ကို ပြောင်းရဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ဇလိုင်းဟာ အပိုလွန်အသင်းကနေ ဖီနာဘာချီထံ ရောက်လာတာဖြစ်ပြီး တူရကီစူပါလိဂ်ရဲ့ အတောက်ပဆုံး လူငယ်နောက်ခံလူအဖြစ် သတ်မှတ်ခံထားရပါတယ်။ အရပ်၆ပေ၄လက်မရှိပြီး အစ္စဘူလ်အသင်းထံ ရောက်ရှိလာစဉ်က ၄နှစ်ခွဲ ၂၀၂၅ခုနှစ်အထိ ရှိစေမယ့် စာချုပ်ကို ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အုပ်စုF အတွင်းရောက်ခဲ့တဲ့ ယူရို၂၀၂၀တွင် ဟန်ဂေရီအသင်းအတွက် ဇလိုင်းဟာ မိနစ်တိုင်းမှာ ပါဝင်ကစားခဲ့ပြီး အကောင်းဆုံးကစားပေးခဲ့ပါတယ်။

#ရူဒီဂါ #ချဲလ်ဆီး #ကွန်ဒီ #ဖီနာဘာချီ #ဇလိုင်း