ရှေ့သို့
Image

ဒါဘီပွဲမတိုင်ခင် ထရိန်နင်မှာ နည်းစနစ်အကြောင်း ၁၀ မိနစ်သာ အချိန်ယူဆွေးနွေးဖြစ်ခဲ့တယ်လို့ ဒီဘရိုင်း ဖွင့်ဟ

10:42 AM, 12 November

မန်စီးတီးအသင်းအနေနဲ့ ယူနိုက်တက်ကို ၂-၀ ဂိုးနဲ့ အလွယ်တကူအနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမတိုင်ခင် ထရိန်နင်မှာ နည်းစနစ်ပိုင်းနဲ့ပတ်သက်လို့ အချိန် ၁၀ မိနစ်သာ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နည်းပြဂွါဒီယိုလာရဲ့ စီးတီးဟာ ယူနိုက်တက်ကို တစ်ပွဲလုံးနီးပါး သက်သောင့်သက်သာကစားကာ ပထမပိုင်းသွင်းဂိုးတွေကြောင့် အနိုင်ရခဲ့ပေမယ့် ပွဲမတိုင်ခင် ဂွါဒီယိုလာအနေနဲ့ ပြိုင်ဘက်အသင်းက ခံစစ် ၄ယောက် ဒါမှမဟုတ် ခံစစ် ၅ယောက်တန်းနဲ့ ကစားလာမလားဆိုတာ မသေမချာဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ တော့တင်ဟမ်ကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ခံစစ် ၅ယောက်တန်းပုံစံကစားခဲ့ပေမယ့် အတ္တလန္တာနဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ နောက်ခံလူ ဗာရာနီ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီးနောက် ခံစစ် ၄ယောက်တန်းပုံစံ ပြန်လည်ကစားခဲ့ပါတယ်။

ဒီဘရိုင်းက ''ပွဲတစ်ပွဲ မကစားခင် တစ်ရက်အလိုမှာ ကျွန်တော်တို့ဟာ ပြိုင်ဘက်အသင်း ဘယ်လိုကစားလာနိုင်မလဲဆိုတဲ့အချက်အပေါ် အခြေခံပြီး ထရိန်နင်မှာ နည်းစနစ်ပိုင်းအရ လေ့ကျင့်လေ့ရှိပါတယ်။ ယူနိုက်တက်နဲ့ပွဲမတိုင်ခင်မှာ ပက်က ယူနိုက်တက် ဘယ်လိုကစားလာမလဲဆိုတာ မသိဘူးလို့ ပြောပါတယ်။ အဲဒီနောက် ကျွန်တော်တို့လည်း ၁၀ မိနစ်အကြာမှာပဲ နည်းစနစ်ပိုင်းအကြောင်း ဆွေးနွေးလေ့ကျင့်တာ ရပ်လိုက်ပါတယ်''

''တစ်ခါတလေ ပက်က ပြိုင်ဘက်အသင်း ဘယ်လိုကစားလာနိုင်မလဲဆိုတာ သိတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ သူမသိတော့ ဘာတွေကြိုလုပ်ရမလဲဆိုတာလည်း မသိခဲ့ဘူးပေါ့''လို့ ပြောပါတယ်။
ယူနိုက်တက်ဟာ အဲဒီပွဲမှာ ခံစစ် ၅ယောက်ပုံစံကစားခဲ့ပြီး လီဗာပူးကို ၅ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် နည်းစနစ်အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ဒီဘရိုင်း