လက်ချင်စတိန်းဘက်ကို ဂျာမနီက တောက်လျောက် ဂိုးသွင်းဖို့ပဲ ကြိုးစားခဲ့ပါတယ်လို့ ဟန်စီ ဖလစ်ခ်ဆို
10:20 AM, 12 November
ယမန်နေ့ည လက်ချင်စတိန်းကို ၉ဂိုးပြတ် နိုင်ခဲ့ပြီးနောက် နည်းပြ ဟန်စီ ဖလစ်ခ်၊ မူလာနဲ့ မာကို ရုးစ်တို့ရဲ့ ပွဲအပြီး အမြင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဟန်စီ ဖလစ်ခ်က “ကျွန်တော် သေချာပေါက် စိတ်ကျေနပ်ပါတယ်။ ဂျိုအာချင်လို ကွင်းထဲရောက်နေချိန် ၉ဂိုးစလုံး မြင်လိုက်ရလို့ ဝမ်းသာပါတယ်။ အသင်း ဂိုးတွေအများကြီးသွင်းချိန် အားပေးမှုကလည်း တကယ်မိုက်တာကြောင့် ကောင်းကောင်း အောင်ပွဲခံခဲ့ကြပါတယ်။ ဒီလို အားပေးမှုက တကယ်ကောင်းပါတယ်။ အစောကြီး ဂိုး၂ဂိုး သွင်းနိုင်ခဲ့တာက အရေးပါပတယ်။ ကျွန်တော်တို့ နောက်ဂိုးတွေ ထပ်သွင်းနိုင်ဖို့ပဲ ဆက်တိုက် ကြိုးစားခဲ့ပြီး လက်ချင်စတိန်းက ၁ယောက်လျော့နေတာတောင် ခံစစ်က ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်”
မူလာက “ကျွန်တော်တို့ နည်းနည်းလောက် နှိုင်းယှဉ်ကြည့်သင့်ပါတယ်။ ကျွန်တော်တို့ တော်တော်ကြီး ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်မဆိုင်ခဲ့ရဘူးဆိုတာမှန်ကန်ပေမဲ့ အိမ်ကွင်းမှာ အားပေးမှုက တကယ်မိုက်ပါတယ်။ လက်ချင်စတိန်းက ကျွန်တော်တို့ စတိုက်စစ်ဆင်ချိန်မှာပဲ ၁ယောက်လျော့သွားတာကြောင့် အခြေအနေတွေက ပိုလွယ်ကူသွားပါတယ်။ ကျွန်တော်တို့ ဂိုးတွေပဲ ဆက်တိုက်သွင်းချင်နေပြီး တကယ်မိုက်တဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်”
မာကို ရူးစ်က “ပွဲက ဒီလိုပြီးဆုံးသွားတာ တကယ်ကောင်းပါတယ်။ ကျွန်တော်တို့ ခုလို မညှာမတာ ခြေမှုန်းခဲ့ပြီး ပထမပွဲကထက် ဂိုးပိုသွင်းတာက စိတ်ဓာတ်ကို ပိုမြင့်တက်စေပါတယ်။ နည်းပြနဲ့ ကစားသမားတိုင်းက ခုလို ဂိုးပြတ်နိုင်လို့ ယုံကြည်မှု ပိုရလာစေပါတယ်။ ပွဲတိုင်းကို အာရုံစိုက်ကစားပြီး အစွမ်းကုန် အားထုတ်ကာ နည်းပြရဲ့ အတွေးအခေါ်နဲ့ ကစားတတ်ရပါမယ်။ ဒီလိုပွဲမှာ ပျော်ရွှင်မှုအပြင် ကိုယ်ပိုင် လေ့ကျင့်မှုတွေလည်း ပြုလုပ်နိုင်တာကြောင့် ဒီလိုပွဲမျိုးက တကယ်ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။