ရှေ့သို့
Image

လက်ချင်စတိန်းနဲ့ ပွဲမတိုင်ခင် ကစားသမားတွေ၊ ပရိသတ်တွေရဲ့ ဂုဏ်ပြုနှုတ်ဆက်ခြင်း ရရှိခဲ့တဲ့ ဂျိုအာချင်လို

8:54 AM, 12 November

ဂျာမနီနည်းပြဟောင်း ဂျိုအာချင်လိုကို ယမန်နေ့ည လက်ချင်စတိန်းနဲ့ ပွဲမတိုင်ခင် ပရိသတ်တွေ၊ ကစားသမားတွေရဲ့ ဂုဏ်ပြုနှုတ်ဆက်ခြင်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လိုဟာ ဂျာမနီကို ၁၅နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ယူရို၂၀၂၀ ၁၆သင်း အဆင့်မှာ အင်္ဂလန်ကို ၂ဂိုးပြတ် ရှုံးခဲ့ပြီးနောက် ရာထူးကနေ ထွက်ခွာခဲ့ပါတယ်။

၆၁နှစ်သားဟာ ၂၀၁၄ခုနှစ်က ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ၁-၀ဂိုးနဲ့ အနိုင်ယူပြီး ဂျာမနီအသင်းကို ကမ္ဘာ့ဖလား ကိုင်မြောက်စေခဲ့ပါတယ်။ ဂျာမနီက ၉ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင် ဂျိုအာချင်လိုကို ပရိသတ်တွေနဲ့ ကစားသမားတွေက ဝိုင်းဝန်း ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

လိုတစ်ယောက် ကွင်းထဲ ဝင်လာစဉ် ပရိသတ်တွေက ဂျာမန်သားရဲ့ ကျောက်ပန်းချီကားကို ကိုင်ကာ ဝိုင်းဝန်း နှုတ်ဆက်ခဲ့ကြတာပါ။ ကွင်းထဲဝင်လာပြီးနောက် လိုဟာ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ ပိုဒေါစကီး၊ ခါဒီယာ၊ ကလိုဆေးတို့နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

အဲ့ဒီနောက် လိုဟာ ယမန်နေ့ည ပွဲစဉ် ကစားကြမယ့် ကစားသမားတွေနဲ့ ကွင်းထဲ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ဂျာမနီအသင်း ပွဲမတိုင်ခင် လိုကို ကြီးမားတဲ့ အားပေးမှုတွေ၊ လက်ခုပ်သံတွေ ပြုလုပ်ခဲ့ပြီးနောက် ဂျာမန်သားတစ်ယောက် ကွင်းထဲက ထွက်သွားခဲ့ပါတယ်။

လိုဟာ ၂၀၀၆ခုနှစ်က ဂျာမန်နည်းပြရာထူးကို ကလင်းစမန်းထံကနေ ဆက်ခံခဲ့ပြီး ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ကာ ဘရာဇီးကို ၇-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲက နာမည်ကျော်ခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ယူရို၂၀၁၆ ဆီမီးဖိုင်နယ်ကို ရောက်ခဲ့ပေမဲ့ အိမ်ရှင် ပြင်သစ်ကို ရှုံးခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း အုပ်စုအဆင့်ကနေ ထွက်ခဲ့ရကာ နေးရှင်းလိဂ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပါဘူး။

#ဂျာမနီ #အာဂျင်တီးနား #ကမ္ဘာ့ဖလားခြေစစ်ပွဲ #လက်ချင်စတိန်း #ဂျိုအာချင်လို