ရှေ့သို့
Image

နောက်ထပ် အမှတ်လျှော့ခံရနိုင်တာကြောင့် တန်းဆင်းရလုနီးပါးဖြစ်လာတဲ့ ရွန်းနီရဲ့ ဒါဘီ

12:50 PM, 11 November

နည်းပြဝိန်းရွန်းနီရဲ့ ဒါဘီကောင်တီအသင်းဟာ နောက်ထပ် ၉ မှတ် ထပ်လျှော့ခံရဖွယ်ရှိနေတာကြောင့် စုစုပေါင် ၂၁ မှတ်ထိ အမှတ်လျှော့ခံရပြီး လိဂ်ဝမ်းကိုတန်းဆင်းရဖို့ သေချာလုနီးပါးဖြစ်လာခဲ့ပါတယ်။ ဒါဘီဟာ အစိုးရရဲ့အထောက်အပံ့ကို ရယူခဲ့ရတာကြောင့် ၁၂ လျော့ပြစ်ဒဏ် ချမှတ်ခံထားရပြီးဖြစ်သလို EFL ကချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကိုပါ မလိုက်နာခဲ့တာကြောင့် နောက်ထပ်အမှတ်လျှော့ ပြစ်ဒဏ်ကိုပါ ကျခံရဖို့ နီးစပ်နေပါတယ်။

ဒီတစ်ကြိမ်ပါ အမှတ်ထပ်လျှော့ခံရမယ်ဆိုရင်တော့ ရွန်းနီအတွက် အခြေအနေက ဘယ်လိုအမှတ်ပြန်ရှာဖို့ မလွယ်တော့တဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။ လက်ရှိရွန်းနီဟာ စက်တင်ဘာ ၂၂ မှာ အစိုးရအထောက်အပံ့ ယူခဲ့ရပြီးနောက် သူ့ရဲ့ကစားသမားတွေကို စိတ်ဓာတ်ပိုင်း အကောင်းဆုံးအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဒါဘီရဲ့အမြဲတမ်းနည်းပြအဖြစ် ဒီနှစ်အစကတည်းက တာဝန်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့ ပြဿနာမျိုးစုံကြောင့် ဖိအားများစွာနဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။

ရွန်းနီရဲ့အသင်းဟာ အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ရမှတ် ၆ မှတ်နဲ့ ချန်ပီယံရှစ် အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရပ်တည်နေပြီး နောက်ထပ် ၁၂ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်မှုအတွက်လည်း အယူခံဝင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ လက်ရှိအသင်းကို ထောက်ပံ့ပေးနေတဲ့ အစိုးရတာဝန်ရှိသူတွေကတော့ အသင်းကိုပြန်လည် တည်ဆောက်ပေးနိုင်မယ့် ပိုင်ရှင်သစ်ကို ရှာဖွေနေပြီး ဝယ်ယူဖို့ စိတ်ဝင်စားသူ အနည်းဆုံး ၃ ယောက်လောက်နဲ့ ဆွေးနွေးလျက်ရှိပါတယ်။

#ဒါဘီ #ရွန်းနီ