စာချုပ်ဖျက်သိမ်းကြေး ရှာဖွေတွေ့ရှိပြီးနောက် ဆိုးလ်ရှားနေရာမှာ ရော်ဂျာနဲ့ အစားထိုးနိုင်မယ်လို့ ယူနိုက်တက်ယုံကြည်နေ
11:19 AM, 11 November
သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကိုထုတ်ပယ်ဖြစ်ပါက လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာနဲ့အစားထိုးနိုင်လိမ့်မယ်လို့ ယုံကြည်နေတပါတယ်။ ယူနိုက်တက်ဟာ ခက်ခဲတဲ့ ရာသီတစ်ခုကိုဖြတ်ကျော်နေရကာ ၁၁ ပွဲမှာ ၄ ပွဲအထိအရေးနိမ့်ပြီးနောက် ထိပ်ဆုံးနေရာက ချဲလ်ဆီးနဲ့ ၉ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာဒါဘီမှာအရေးနိမ့်ပြီးနောက် ဆိုးလ်ရှားဟာဖိအားတွေပိုများလာခဲ့ပြီး ယူနိုက်တက် တာဝန်ရှိသူတွေကလည်း အသင်းကနေ ထုတ်ပယ်ဖို့ စဉ်းစားနေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ အဆိုပါပွဲတွေမှာ ဗီလာရီးရဲလ် ၊ ချဲလ်ဆီး နဲ့ အာဆင်နယ်တို့ပါဝင်နေပါတယ်။
တကယ်လို့အဲ့ပွဲတွေမှာသာ ဆိုးလ်ရှားအနေနဲ့ရလဒ်တွေမတိုးတက်ရင် ထုတ်ပယ်ဖွယ်ရှိနေတကာ သတင်းတွေကတော့ ရော်ဂျာဟာ ဆိုးလ်ရှားနေရာဝင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ ဖော်ပြနေကြပါတယ်။ နော်ဝေသားကို ယူနိုက်တက်ဘုတ်အဖွဲ့ကထောက်ခံထားဆဲဖြစ်ပေမယ့် ရလဒ်တွေအပေါ်မူတည်ပြီး ထုတ်ပယ်ဖို့ မပယ်ဖို့ဆုံးဖြတ်ဖွယ်ရှိနေတာဖြစ်ပါတယ်။
လက်စတာနည်းပြရော်ဂျာက ထွက်ခွာဖို့ရှိနေပေမယ့် အသင်းမှာပျော်ရွှင်နေတယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့် ရော်ဂျာအနေနဲ့ ယူနိုက်တက်နည်းပြရာထူးကမ်းလှမ်းလာပါက လက်ခံဖို့လည်း စဉ်းစားနေတာဖြစ်ပါတယ်။
“ကျွန်တော်အဲ့အကြောင်းတွေးတောင်းမတွေးပါဘူး။ ပရိသတ်တွေလည်း ပင်ပန်းနေလောက်ပါပြီ။ လက်စတာအတွက်ပဲ ခေါင်းထဲမှာရှိပါတယ်။ ဒီအသင်းကိုပဲ အောင်မြင်အောင်လုပ်ဆောင်ဖို့ စိတ်ထဲရှိနေပါတယ်”လို့ ရော်ဂျာက ပြောကြားခဲ့ပါတယ်။