ရှေ့သို့
Image

အယ်လ်ဘေးနီးယားနဲ့ ပွဲကို သေချာပေါက် လွဲချော်တော့မယ့် မေဆင်မောင့်ကြောင့် ထိုးနှက်ချက်ဖြစ်သွားတဲ့ အင်္ဂလန်

9:55 AM, 10 November

မေဆင် မောင့်ဟာ အင်္ဂလန်အတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်တဲ့ အယ်ဘေးနီးယားနဲ့ပွဲကို လွဲချော်တော့မှာ ဖြစ်တာကြောင့် အသင်းအတွက် ထိုးနှက်ချက် ဖြစ်သွားခဲ့ပါတယ်။  ချဲလ်ဆီးကြယ်ပွင့်ဟာ တနင်္ဂနွေနေ့က သွားကို ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် အယ်လ်ဘေးနီးယားနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ပါဝင်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ မောင့်ဟာ သောကြာနေ့ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ နားလည်ရပြီး ဆန်မာရီနိုနဲ့ ပွဲမှာလည်း ပါဝင်နိုင်ဖို့ မသေမချာ ဖြစ်နေပါတယ်။ အဆိုပါ သတင်းကတော့ အယ်လ်ဘေးနီးယားနဲ့ အရေးပါတဲ့ပွဲစဉ် ကစားရမယ့် ဆောက်ဂိတ်အတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့ပါတယ်။

မောင့်ဟာ ဘန်လေနဲ့ပွဲမှာ အရန်ခုံကနေ ဝင်ကစားပေးခဲ့ပေမဲ့ ဝေဒနာ ခံစားရမှုများလာတာကြောင့် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်ခဲ့ပါတယ်။ မောင့် မပါနိုင်တဲ့ ပွဲမှာ ဆောက်ဂိတ်မှာ ရွေးချယ်စရာ အဖြစ် ဖိုဒန်၊ ဘယ်လင်ဂမ်၊ ဟန်ဒါဆန်တို့ ရှိနေပြီး အဖျားဝေဒနာ အနည်းငယ်ရှိတဲ့ ဒီကလန်ရိုက်စ်၊ ကယ်ဗင် ဖီးလစ်တို့ ရှိနေပါတယ်။

အယ်လ်ဘေးနီးယားနဲ့ပွဲက ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့ အလွန်အရေးကြီးတဲ့ အခြေအနေမှာ ဆောက်ဂိတ်တစ်ယောက် အကောင်းဆုံးလူစာရင်းပဲ ပွဲထုတ်လာမယ်လို့ ယုံကြည်ရပါတယ်။

#အင်္ဂလန် #ချဲလ်ဆီး #ကမ္ဘာ့ဖလားခြေစစ်ပွဲ #မေဆင်မောင့် #အယ်ဘေးနီးယား