ရှေ့သို့
Image

ဘုန်းမောက်နည်းပြဟောင်း ဟိုဝီကို နည်းပြသစ်ခန့်အပ်လိုက်တဲ့ နယူးကာဆယ်ကို မေးခွန်းထုတ်ခဲ့တဲ့ ခရစ္စဆက်တန်

3:39 PM, 9 November

နယူးကာဆယ်အသင်းက ဘုန်းမောက်အသင်းနည်းပြဟောင်း အက်ဒီဟိုဝီကို နည်းပြသစ် ခန့်အပ်လိုက်တဲ့အပေါ် ခရစ္စဆက်တန်က မေးခွန်းထုတ်လိုက်ပါတယ်။

ဆော်ဒီသူဌေးတွေဟာ ယခင်က ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ ဆက်တန်က နယူးကာဆယ်အသင်းအနေနဲ့ ဘုန်းမောက်အသင်းမှာ ရုန်းကန်နေရတဲ့ ဟိုဝီကို နည်းပြသစ်အဖြစ် မခန့်အပ်သင့်ဘူးလို့ ယုံကြည်နေပါတယ်။

“သူ(ဟိုဝီ)က ဦးစားပေးရွေးချယ်မှုမဟုတ်ခဲ့ပါဘူး။ နယူးကာဆယ်ရဲ့လက်ရှိအခြေအနေတွေကို ကိုင်တွယ်နိုင်မယ်လို့လည်း မထင်ပါဘူး။ အူနိုင်းအမ်မရီမရရင်တောင် နောက်ထပ်ထိပ်တန်းနည်းပြတစ်ဦးကို ခေါ်ယူသင့်ပါတယ်။ ဟိုဝီက နည်းပြကောင်းတစ်ဦးပါ။ ဇန်နဝါရီအပြောင်းအရွှေ့ အဓိကအချက်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဘုန်းမောက်ကိုကိုင်တွယ်ခဲ့တာကိုပြန်ကြည့်ရင်လည်း အဆင်မပြေခဲ့ပါဘူး။ ပြီးတော့ ယခင်နှစ်တွေတုန်းက ခေါ်ယူခဲ့တဲ့ ခေါ်ယူမှုတွေကလည်း အထင်ကြီးစရာမရှိခဲ့ပါဘူး။ သူ့အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မှန်ကန်တဲ့ခေါ်ယူမှုပြုလုပ်နိုင်မယ်ဆိုရင်တော့ အဆင်ပြေလာနိုင်ပါတယ်။ နယူးကာဆယ် အသင်းကို အောက်ဆုံးကနေဆွဲတင်ရမှာဆိုတော့ နည်းနည်းတော့ ခက်ခဲနိုင်ပါတယ်” ဆက်တန်က ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အလုပ်များနိုင်တာဖြစ်ကာ နွေရာသီမှာ ခေါ်ယူမှုတွေ ပြုလုပ်ဖွယ်ရှိနေပါတယ်။ ဟိုဝီဟာ နယူးကာဆယ်အသင်းနဲ့ ၂၀၂၄ အထိ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ကာ စနေနေ့တုန်းက ဘရိုက်တန်ကို သရေကျခဲ့တဲ့ပွဲမှာ အရန်ခုံကနေ လာရောက်ကြည့်ရှုခဲ့ပါတယ်။

#နယူးကာဆယ် #ဘုန်းမောက်လ် #ဟိုဝီ #ခရစ္စဆက်တန်