ရှေ့သို့
Image

စမစ်ရိုဟာ အာဆင်နယ်ဂန္ထဝင်တွေဖြစ်တဲ့ လှပ်ဘ်နဲ့ ပီရက်စ် ပေါင်းစပ်ထားတာလို့ ဖာဒီနန် ခိုင်းနှိုင်းချီးကျူး

11:15 AM, 9 November

ယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်က အာဆင်နယ်ကွင်းလယ်လူ စမစ်ရိုဟာ ယခင်ဂန္ထဝင်ဟောင်း လှပ်ဘ်နဲ့ ပီရက်စ်တို့ကစားဟန်နဲ့ဆင်တူတယ်လို့ ခိုင်းနှိုင်းချီးကျူးစကားဆိုလိုက်ပါတယ်။ နွေရာသီတုန်းက ဗီလာအသင်းရဲ့ကမ်းလှမ်းမှု ၂ ကြိမ်ကိုပယ်ချခဲ့ကာ အသက် ၂၁ နှစ်သားဟာ အသင်းနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ဂန္ထဝင်ကျောနံပါတ် ၁၀ ကိုပါ သိမ်းပိုက်ခဲ့ပါတယ်။

စမစ်ရိုဟာ အာဆင်နယ်အသင်းရဲ့ကွင်းလယ်မှာ မရှိမဖြစ် ကစားသမားအဖြစ် ခြေစွမ်းပြနေပြီး နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲမှာ ၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ စမစ်ရိုရဲ့ ခြေစွမ်းကောင်းတွေကြောင့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ခေါ်ယူခဲ့ပါတယ်။ ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ဖာဒီနန်က စမစ်ရိုဟာ အာဆင်နယ်ရဲ့အသက်သွေးကြောလို့တောင်ဆိုနိုင်ပါတယ်လို့ ချီးကျူးခဲ့ပါတယ်။

“စုစည်းတဲ့အသင်းတစ်သင်းပါ။ အာဆင်နယ်ဒီလိုဖြစ်လာတာမျိုးမမြင်ရတာကြာပါပြီ။အခုချိန်မှာ စမစ်ရိုလောက် ဘယ်သူမှမကောင်းပါဘူး။ သူက တစ်ချိန်က လှပ်ဘ် နဲ့ ပီရက်စ်တို့ကိုတောင် ပြန်သတိရစေပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ တနင်္ဂနွေနေ့တုန်းက ဝက်ဖို့ဒ်ကို စမစ်ရိုရဲ့ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်”

“ဒီနေ့ပွဲက သူတို့အတွက် ခက်ခဲခဲ့ပါတယ်။ ဝက်ဖို့ဒ်က တော့တင်းတဲ့အသင်း တစ်သင်းပါ။ ၃ မှတ်ရတဲ့အတွက် ပျော်ပါတယ်။ ကျွန်တော်ဂိုးသွင်းနိုင်လို့လည်းပျော်ပါတယ်။ ထရိန်နင်မှာလည်း ကျွန်တော်အကောင်းဆုံး လေ့ကျင့်ပါတယ်။ ကျွန်တော်တို့ တော်တော်လေးလေ့ကျင့်ခဲ့ကြပြီး ဒီနေ့ ၃ မှတ်က အရမ်းအရမ်းကို အရေးကြီးပါတယ်”လို့ စမစ်ရိုက ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #ဖာဒီနန် #ပီရက်ဇ် #စမစ်ရို