ရှေ့သို့
Image

ဇန်နဝါရီမှာ ပရီးမီးယားလိဂ်ကို ပြန်လာဖွယ်ရှိနေတဲ့ အာရွန်ရမ်ဆေး

10:17 AM, 9 November

သတင်းတွေအရ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ အာရွန်ရမ်ဆေးဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကိုပြန်လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ်ကွင်းလယ်လူဟာ ၂၀၁၉ ရာသီအကုန်တုန်းက ဂျူဗီကိုအလွတ်နဲ့ ပြောင်းလာခဲ့တာဖြစ်ပေမယ့် ၄၉ ပွဲသာ ပါဝင်ကစားခွင့် ရရှိထားပါတယ်။


ရမ်ဆေးဟာ အယ်လီဂရီ ပြန်ရောက်လာချိန်မှာလည်း နေရာမရပဲ ဒီရာသီပွဲထွက်ခွင့် ၁ ခုအပြင် ပြိုင်ပွဲစုံ ၅ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဂျူဗီကတော့ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကိုခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့လုပ်ခလစာကိုလျော့ချဖို့ ပြင်ဆင်နေပါတယ်။


စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေပေမယ့်လည်း ဂျူဗင်တပ်စ်ဘက်ကတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ရောင်းချသွားဖို့ အလိုရှိနေပါတယ်။ မာကာတိုသတင်းဌာနရဲ့အဆိုအရ ဂျူဗင်တပ်စ်ဟာ ရမ်ဆေးရဲ့လုပ်ခလစာကို လျော့ချဖို့ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။


ဒါပေမယ့် ရမ်ဆေးကတော့ စာချုပ်သက်တမ်းကုန်တဲ့အချိန်အထိ ဆက်နေဖို့အလိုရှိနေကာ ဂျူဗင်တပ်စ်အနေနဲ့ ဇန်နဝါရီမှာရောင်းချဖို့က ခက်ခဲဖွယ်ရှိနေပါတယ်။ ရမ်ဆေးကို နယူးကာဆယ်အသင်းကစိတ်ဝင်စားနေပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖွယ်ရှိနေပါတယ်။ နယူးကာဆယ်အသင်းဟာ ဆော်ဒီသူဌေးတွေဝယ်ယူပြီးနောက် အပြောင်းအလဲများစွာ ပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

#ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #အယ်လီဂရီ #ရမ်ဆေး