ရှေ့သို့
Image

မန်ချက်စတာဒါဘီပွဲအပြီး ၁ပတ်အနားရခဲ့တဲ့အပေါ် ယူနိုက်တက်ကစားသမားတွေနဲ့ ဝန်ထမ်းတွေ အံ့အားသင့်နေ

9:45 AM, 9 November

ယူနိုက်တက်ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ မန်ချက်စတာဒါဘီပွဲအပြီး တစ်ပတ်ကြာ အနားပေးခံခဲ့ရတဲ့အပေါ် အံ့အားသင့်နေကြတယ်လို့ သိရပါတယ်။ ယူနိုက်တက် လူစာရင်းမှ ကစားသမား အများစု နိုင်ငံတကာပွဲစဉ်တွေ ကစားဖို့ သွားရချိန်မှာ ဖိအားများနေတဲ့နည်းပြ ဆိုးလ်ရှားက လက်ကျန် ကစားသမားနဲ့ ဝန်ထမ်းတွေကို လေ့ကျင့်ခန်း ပေးမဆင်းစေပဲ နားရက်ပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တက်မှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေအရ အဆိုပါ ဆုံးဖြတ်ချက်ဟာ လုံး၀ ထင်မထားတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဗာရာနီဟာ တံကောက်ကြောဒဏ်ရာ ကုသဖို့ ယူနိုက်တက် ဌာနချုပ်ကို ရောက်လာခဲ့ပြီး ရက်ရှ်ဖို့ဒ်ဟာလည်း ကြံ့ခိုင်မှု တည်ဆောက်ဖို့ အင်္ဂလန်လူစာရင်းကနေ နှုတ်ထွက်သွားခဲ့ပေမဲ့ မန်ချက်စတာဒါဘီပွဲအပြီး ဆိုးလ်ရှားနဲ့ ကစားသမားတွေကို လေ့ကျင့်ရေးကွင်းမှာ မြင်ရခြင်း မရှိသေးပါဘူး။

နော်ဝေသားဟာ ဇနီးသည်နဲ့အတူ မွေးရပ်မြေ ခရစ္စတီယန်ဆောင်းထံ ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်သွားတာကိုတော့ မြင်တွေ့ခဲ့ရပါတယ်။ ဆိုးလ်ရှားဟာ နောက်ဆုံး ၁၂ပွဲမှာ ၆ပွဲရှုံးခဲ့ပြီး မန်စီးတီးနဲ့ လီဗာပူးတို့ကို အရှက်ရဖွယ် ရှုံးနိမ့်မှုတွေကြောင့် ကြီးမားတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမဲ့ အဆိုပါ ရှုံးပွဲတွေအပြီးမှာည်း ၄၈နှစ်သားရဲ့ နည်းပြရာထူးက အန္တရာယ် မရှိဘူးလို့ သတင်းတွေက ဆက်လက် ဖော်ပြတာကြောင့် နိုင်ငံတကာပွဲစဉ်တွေအပြီး ဝက်ဖို့ဒ်နဲ့ပွဲကို ဆက်လက်ကိုင်တွယ်ဖို့ ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ ရက်ရှိဖို့ဒ်အပြင် ပြင်သစ်နဲ့ ပူးပေါင်းပြီးနောက် လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ အခြေအနေကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ #မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား