ရှေ့သို့
Image

ယူနိုက်တက်မှာ နည်းပြအပြောင်းအလဲ မရှိသေးဟု Sky Sport အတည်ပြု

8:54 PM, 8 November

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က မန်ချက်စတာဒါဘီမှာ ရှုံးနိမ့်ခဲ့သော်လည်း နည်းပြအိုလီဂန်နာဆိုးလ်ရှားကို အစားထိုးဖို့ အစီအစဉ် မရှိသေးပါဘူးလို့ Sky Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ 

နည်းပြဆိုးလ်ရှားအနေနဲ့ အလုပ်ပြုတ်နိုင်တဲ့ အရိပ်အယောင်မျိုး အသင်းဘက်က ပြသခဲ့ခြင်းမရှိသလို နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကစားမယ့် ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း နည်းပြဆိုးလ်ရှားကပဲ အသင်းကို ဆက်လက်တာဝန်ယူသွားမယ်လို့ သိရပါတယ်။ 

နည်းပြဆိုးလ်ရှားကို ယူနိုက်တက်က ရာထူးမှထုတ်ပယ်တော့မယ်ဆိုတဲ့ သတင်းတွေက လီဗာပူးကို ၅-၀ နဲ့ ရှုံးပြီးကတည်းက ထွက်ပေါ်ခဲ့ပေမယ့် ယူနိုက်တက်ဘက်ကတော့ ဆိုးလ်ရှားကိုပဲ ဆက်လက်ယုံကြည်ပြီး အသင်းက အခြားပြဿနာတွေကိုပဲ ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ 

တော့တင်ဟမ်ကို ဂိုးပြတ်နိုင်ပြီး အတ္တလန္တာကို သရေကျခဲ့ပြီး ချန်ပီယံလိဂ်မှာ အုပ်စုပထမရရှိခဲ့ပြီးနောက် အခြေအနေတွေ ပြန်တည်ငြိမ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေနေ့က မန်စီးတီးကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ ဆိုးလ်ရှားရဲ့  အနာဂတ်နဲ့ ပက်သက်ပြီး မေးခွန်းထုတ်လာကြတာ ဖြစ်ပါတယ်။ စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက် ဂန္တဝင်ကစားသမား ဂယ်ရီနဗီးလ်ကတော့ အက်ဒ်ဝုဒ်ဝါ့ဒ်ထွက်ခွာမယ့် နှစ်ကုန်ပိုင်းမှသာ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချမှတ်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ 

ဝုဒ်ဝါ့ဒ်ရဲ့နေရာမှာ ဘယ်သူအစားဝင်မလဲဆိုတာ အခုထိ ယူနိုက်တက်ဘက်က အတည်မပြုသေးပေမယ့် Sky Sports ကတော့ ဝုဒ်ဝါ့ဒ်မထွက်မချင်း နည်းပြအပြောင်းအလဲ ကိစ္စကဖြစ်လာဦးမှာ မဟုတ်သေးဘူးလို့ ဖော်ပြခဲ့ပါတယ်။ ဘုတ်အဖွဲ့က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အတော်များများကို အသင်းဥက္ကဌ ဂျိုရယ်လ်ဂလေဇာဆီမှာ နောက်ဆုံးအဆုံးအဖြတ် ခံယူရတာဖြစ်လို့ ဂျိုရယ်လ်ဂလေဇာရဲ့ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #အက္ဒ္၀ုဒ္၀ါ့ #ဆိုးလ်ရှား