ရှေ့သို့
Image

အဒီယီမီရဲ့ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့အပတ်တုန်းက တွေ့ဆုံခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

1:23 PM, 8 November

သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းက အဒီယီမီရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်သားဟာ ဆဲလ်ဘတ်ဂျ်အသင်းမှာ ခြေစွမ်းပြနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ၁၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။


အဒီယီမီကို ဘိုင်ယန် ၊ ဘာစီလိုနာ နဲ့ လီဗာပူးတို့ကလည်း စိတ်ဝင်စားနေကြကာ လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းဖွယ်ရှိနေပါတယ်။ စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ရီးရဲလ်ဟာ လာမယ့်နွေရာသီမှာ ဂျာမန်သားကိုခေါ်ယူဖို့ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။


ဘိုင်ယန်အကယ်ဒမီမှာ လူငယ်ကစားသမားဘဝကိုဖြတ်သန်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဆဲလ်ဘတ်ဂျ်ကိုပြောင်းရွှေ့ခဲ့ကာ ၇၂ ပွဲမှာ ၂၅ ဂိုးသွင်း ၊ ၁၇ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ဒေါ့မွန်စတား ဟာလန်းကိုစိတ်ဝင်စားနေဆဲဖြစ်ပေမယ့် တကယ်လို့ နော်ဝေသားကိုအဆင်မပြေပါက ဂျာမန်သားကိုခေါ်ယူဖွယ်ရှိနေပါတယ်။

#ရီးရဲလ်မက်ဒရစ် #ဟာလန်း #ဆဲလ်ဘတ် #အဒီယီမီ