ရှေ့သို့
Image

နော့ဝစ်ချ်နည်းပြရာထူးအတွက် တစ်ပြေးနေတယ်လို့ နာမည်ထွက်နေတဲ့ လမ်းပတ်

1:13 PM, 8 November

အသင်းလက်မဲ့ ဖြစ်နေတဲ့ လမ်းပတ်ဟာ နော့ဝှစ်ချ်စီးတီးနည်းပြ ဒယ်နီရယ်ဖရန်ကီရဲ့နေရာကို အစားဝင်ဖို့အတွက် ဘွတ်ကီဒိုင်တွေေရဲ့ တစ်ပြေးပြောဆိုခြင်းကို ခံနေရတာဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် နှစ်စကတည်းက လမ်းပတ်ဟာ အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပြီး ဆိုးရွားလှတဲ့ ရလဒ်တွေကြောင့် ချဲလ်ဆီးအသင်းရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။


စနေနေ့က ဘရန့်ဖို့ဒ်ကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ နည်းပြဖရန်ကီဟာ လက်ရှိရာသီမှာ အသင်းအတွက် ပထမဆုံးနိုင်ပွဲကိုရှာဖွေပေးနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ နော့ဝှစ်ချ်နှင့်အတူ ၂ကြိမ်တိုင်တိုင် တန်းတက်နိုင်ခဲ့သော်လည်း ထိပ်တန်းအဆင့်သို့ မရောက်ရှိနိုင်ခဲ့ပါဘူး။ အနိုင်ရရှိခဲ့တဲ့အတွက်ကြောင့် နော့ဝှစ်ချ်ဟာ အမှတ်ပေးဇယားရဲ့အောက်ခြေတွင် နယူးကာဆယ်အသင်းနှင့် ရမှတ် တူညီသွားပြီဖြစ်ပြီး တန်းဆင်းဇုန်ကနေ လွတ်မြောက်နေတဲ့ ဝက်ဖို့ဒ်နှင့် ရမှတ် ၅ မှတ်ကွာဟနေတုန်းဖြစ်ပါတယ်။ 


သို့သော်လည်း သူတို့အသင်းရဲ့နောက်ထပ် ၃ပွဲက ဆောက်သမ်တန် (အိမ်ကွင်း)၊ ဝုဗ် (အဝေးကွင်း)၊ နယူးကာဆယ် (အဝေးကွင်း) တို့နှင့်ကစားသွားရမှာဖြစ်ပါတယ်။ ဒီပွဲစဉ်တွေက ဘယ်သူကနည်းပြအဖြစ် ဆက်ရှိနေအုံးမလဲဆိုတာကို စောင့်ကြည့်ရအုံးမှာဖြစ်ပြီး လစ်လပ်နေတဲ့ နေရာအတွက် လမ်းပတ်က တစ်ပြေးနေကာ ချဲလ်ဆီးနှင့် ဒါဘီကောင်တီတို့မှာရှိခဲ့စဉ်က အင်္ဂလန်သားဟာ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။


လမ်းပတ်ဟာ ဒါဘီအသင်းကို ချန်ပီယံရှစ် Play-off ဖိုင်နယ်အထိရောက်အောင် ကူညီပေးခဲ့သူဖြစ်ပြီး ဝင်ဘလေမှာ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးမှာရှိခဲ့တဲ့ သူ့ရဲ့ပထမဆုံးရာသီတွင် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံခဲ့ရသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂျရက်၊ ပါကား၊ ရွိုင်းဟော့ဆန်တို့နှင့်လည်း အဆိုပါရာထူးနှင့်ပတ်သက်ကာ ဆက်သွယ်မှုတွေရှိနေပါတယ်။


ဖရန်ကီကို ထုတ်ပယ်ပြီးနောက် “ အသင်းအတွက်ကောင်းမွန်ဖို့ ဆက်လက်တောင်းဆိုလုပ်ဆောင်သွားမှာပါ။ အခုလိုဆုံးဖြတ်ချက်ကလည်း လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး ” “ ဒယ်နီရယ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့တွေက ဒီလိုအဆင့်ရောက်အောင် ဘယ်လိုကြိုးစားထားသလဲဆိုတာကို သိသော် လည်း ပရီးမီးယားလိဂ်မှာ ကျွန်တော့်တို့ရရှိထားတဲ့ အခွင့်အရေးကို ထိန်းသိမ်းဖို့အတွက် ပြောင်းရန်အကောင်းဆုံး အချိန်ပဲဖြစ်ပါတယ် ”


“ အသင်းအတွက်အကောင်းဆုံးလုပ်ဆောင်ပေးခဲ့တဲ့ ဒယ်နီရယ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ကို နော့ဝှစ်ချ်အသင်းက ဘယ်တော့မှာ မေ့လိုက်မှာမဟုတ်ပါဘူး။ သူတို့တွေက ချန်ပီယံရှစ်ဆုလား ၂ကြိမ်ရရှိအောင် ကူညီပေးခဲ့ကြတာဖြစ် ပြီး အမှတ်ရဖွယ်အရာ အခိုက်အတန့်တွေလည်း အများကြီးရှိပါတယ် ” “ ဒယ်နီရယ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ကို ဒီကနေ အမြဲတမ်းကြိုဆိုနေမှာပါ။ အသင်းအတွက် ကြိုးစားပမ်းစားလုပ်ဆောင် ခဲ့တဲ့ သူတို့အတွက် ကျေးဇူးတင်မိသလို အနာဂတ်မှာ ကောင်းမွန်ဖို့အတွက် ဆုတောင်းပေးပါတယ် ”


“ အခုအရေးကြီးတာကတော့ ကျွန်တော့်အသင်း ရှေ့ဆက်ဖို့ပါ။ ကျွန်တော်တို့ဟာ လိဂ်ပွဲ ၂၇ ပွဲ ကစားရအုံးမှာဖြစ် ပြီး လက်ရှိရာသီမှာ ခရီးဆက်ဖို့ အရှည်ကြီးရှိပါသေးတယ်။ အမှတ်ပေးဇယားမှာ အဆင့်တက်ဖို့နှင့် ရမှတ်တွေရရှိ နိုင်ဖို့ အသင်းရှိကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်တို့က ကောင်းကောင်းသိပါတယ် ” လို့  အားကစား ဒါရိုက်တာဖြစ်သူ ဝက်ဘာက ပြောပါတယ်။

#ချဲလ်ဆီး #နောဝစ်ချ် #လမ်းပတ် #ဖရန်ကီ