ရှေ့သို့
Image

ဆိုးလ်ရှား နေရာမှာ အစားဝင်ဖို့ စိတ်ဝင်စားခြင်းမရှိတဲ့ ဇီဒန်း

1:11 PM, 8 November

ရီးရဲလ်အသင်းနည်းပြဟောင်း ဇီဒန်းက ဆိုးလ်ရှားနေရာမှာ အစားဝင်ဖို့အတွက် စိတ်ဝင်စားခြင်းမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ မန်ချက်စတာမြို့ခံပြိုင်ဘက်မန်စီးတီးကို အရေးနိမ့်ပြီးနောက် နည်းပြရာထူးကနေ အထုတ်ခံရဖွယ်ရှိနေတယ်လို့ သတင်းတွေကြီးလာပါတယ်။

ကွန်တီကို ပြီးခဲ့တဲ့လတုန်းက ချိတ်ဆက်ခဲ့ပေမယ့်လည်း အခုချိန်မှာ ကွန်တီဟာ တော့တင်ဟမ် နည်းပြသစ်ဖြစ်သွားခဲ့တာကြောင့် အခြားနည်းပြကိုသာ ခေါ်ယူရဖို့များနေပါတယ်။ ဇီဒန်းဟာ ဆိုးလ်ရှားနေရာမှာ အစားဝင်မယ်လို့ သတင်းတွေ ကြီးလာခဲ့တာဖြစ်ပေမယ့် ပြင်သစ်သားက ယူနိုက်တက်နည်းပြအလုပ်ကို စိတ်မဝင်စားတာဖြစ်ပါတယ်။

ဒါပေမယ့် အေအက်စ်သတင်းဌာနက အသက် ၄၉ နှစ်သားဟာ ယူနိုက်တက်အလုပ်ကိုလက်ခံဖွယ်ရှိနေပေမယ့် ပြင်သစ်အသင်းနည်းပြရာထူးကိုလည်း အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဇီဒန်းဟာ အသင်းကို စိတ်ကြိုက်ကိုင်တွယ်ချင်နေပြီး အောင်မြင်မှုတွေရနိုင်မယ့်အသင်းကိုသာ ကိုင်တွယ်ချင်နေပါတယ်။

လက်စတာအသင်းနည်းပြ ရော်ဂျာကို သဘောတူညီမှုရပြီလို့ သတင်းတွေက ဖော်ပြနေကြပေမယ့် လက်ရှိ အချိန်အထိတော့ ဘာသတင်းမှ မထူးသေးတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ဇီဒန်း