ရှေ့သို့
Image

ဒင်းစမစ်ရဲ့ နေရာမှာ ဂျရတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အက်စတွန်ဗီလာ ပစ်မှတ်ထားလာ

8:33 AM, 8 November

စတီဗင် ဂျရတ်ဟာ အက်စတွန်ဗီလာနည်းပြသစ် ဖြစ်လာမယ့် စာရင်းထဲ ထိပ်ဆုံးကနေ ရေပန်းစားနေတယ်လို့ သိရပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဆောက်သမ်တန်နဲ့ပွဲအပါအဝင် ၅ပွဲဆက် ရှုံးခဲ့ပြီးနောက် နည်းပြ ဒင်းစမစ်ကို ထုတ်ပယ်ခဲ့တာပါ။

ယခုနှဏ်ရာသီ ပရီးမီးယားလိဂ်မှာ ဒင်းစမစ်အပါအဝင်ဆိုရင် ရာသီတစ်ဝက်မကျိုးခင် နည်းပြ ၅ဦးအထိ ထုတ်ပယ်ခံခဲ့ရပြီး ဖြစ်ပါတယ်။ ရိန်းဂျားစ်မှာ အကောင်းဆုံး စွမ်းဆောင်ပြနေတဲ့ ဂျရတ်ကို ဗီလာ တာဝန်ရှိသူတွေက သဘောကျလျက် ရှိနေပါတယ်။

လီဗာပူး အသင်းခေါင်းဆောင်ဟောင်းဟာ ရိန်းဂျားစ်မှာ ၂၀၂၄ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေတယ်လို့လည်း ဆိုပါတယ်။ ရိန်းဂျားစ်ကို ၂၀၁၈မှာ စတင်ကိုင်တွယ်ခဲ့ပြီးနောက် ဂျရတ်ဟာ ယမန်နှစ်ရာသီက စကော့တလန် လိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ယူရိုပါလိဂ် ၁၆သင်းအဆင့်ကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။

ယခုနှစ်ရာသီမှာလည်း ချန်ပီယံလိဂ် ခြေစစ်ပွဲကနေ ထွက်ခဲ့ရပေမဲ့ စကော့တလန်လိဂ်မှာတော့ ထိပ်ဆုံးမှာ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဂျရတ်တစ်ဦးတည်းကို လျာထားတာ မဟုတ်ပဲ ဆောက်သမ်တန်နည်းပြ ဟတ်ဆန်ဟတ်တီ၊ ဘရန်ဖို့ဒ်နည်းပြ သောမက်စ် ဖရန့်ခ်၊ ဒိန်းမတ်နည်းပြ ဟာဂျူမန်းတို့ကိုလည်း ချိတ်ဆက်နေခဲ့ပါတယ်။

ဒင်းစမစ်ဟာ ၂၀၁၈ခုနှစ် ချန်ပီယံရှစ်မှာ ရုန်းကန်နေရတဲ့ ဗီလာကို ကိုင်တွယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဗီလာဟာ ယမန်နှစ်ရာသီက အဆင့်၁၁နဲ့ ရာသီပိတ်သိမ်းခဲ့ပေမဲ့ ယခုနစ်ရာသီမှာတော့ ရုန်းကန်နေရကာ ၅ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

#အက်စတွန်ဗီလာ #ဒင်းစမစ် #ဂျရတ်