ဒါဘီပွဲက ယူနိုက်တက်ရဲ့ ခြေစွမ်းကို တော်တော်လေး အံ့သြမိတယ်လို့ ဝေဖန်ခဲ့တဲ့ ရွိုင်ကိန်း
5:05 PM, 7 November
မန်ချက်စတာဒါဘီမှာ သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကတော့ ဒါဘီပွဲက သူ့အသင်းဟောင်းရဲ့ ခြေစွမ်းဟာ အထိုးခံလိုက်ရတဲ့ အရက်မူးသမားလို့ပဲဆိုပြီး အားရပါးရဝေဖန်ခဲ့ပါတယ်။
မကြာသေးမီကမှ ၅-၀ နဲ့ လီဗာပူးကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်ဟာ စီးတီးကိုလည်း အိမ်ကွင်းမှာပဲ ၂-၀ နဲ့အရှက်တကွဲ အရေးနိမ့်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ခြေစွမ်းပိုင်းအရတော့ ယူနိုက်တက်ဟာ စီးတီးကို လုံးဝကို မယှဉ်နိုင်ခဲ့တာလည်း တွေ့ရပါတယ်။ ကိန်းက “ လီဗာပူးနဲ့ရှုံးပွဲထက်တောင် ပိုဆိုးပါတယ်။ အဆိုးတကာ့အဆိုးဆုံး ခြေစွမ်းပါ။ စီးတီးနဲ့ အဆင့်အတန်း၊ အရည်အချင်း၊ ဆုံးဖြတ်ချက်ချမှုတွေအက ပြတ်ပြတ်သားသားကို ကွာနေပါတယ်။
လူကြီးနဲ့ကလေးကစားနေသလိုပဲ၊ ဒါက ယူနိုက်တက်ပါ၊ မန်ချက်စတာယူနိုက်တက်ဆိုတဲ့ အသင်းကြီးတစ်သင်းပါ၊ ဒီပုံစံဖြစ်နေတာ လုံးဝကိုမယုံနိုင်တော့ဘူး။ စီးတီးက ယူနိုက်တက်ကို ကစားစရာလို သဘောထားပြီး ကစားသွားတာ။ ဒုတိယဂိုးမှာဆိုရင် ရှောနဲ့ ဒီဂီယာဘာလုပ်နေတာလဲ၊ ဒီလိုပွဲမျိုးကစားပြီး ဒီလိုအခွင့်အရေးမျိုး ပေးလိုက်တယ်တဲ့လား၊ တွဲကစားလာတာပဲ ဘယ်နှနှစ်ရှိပြီလဲ။ ကျွန်တော်တော့ ဒီကောင်တွေကို လက်လျှော့လိုက်ပြီ။ နိုင်ငံလက်ရွေးစင်တွေခံစစ်မှူးတွေဖြစ်နေပြီးတော့ ခံစစ်မကစားတတ်ရင်လည်း လက်လျှော့လိုက်တာပဲ ကောင်းပါတယ်။
ဖီးလ်ဖိုဒန်ကတော့ ယူနိုက်တက်နဲ့ ကစားရတာ ခက်တယ်လို့ ပြောရှာတယ်။ တကယ်က ဟုတ်မှမဟုတ်တာ၊ အဲဗာတန်ကို မေးမလား၊ အက်စတွန်ဗီလာကို မေးမလား၊ လီဗာပူးကို မေးမလား။ အခု အဲ့ဒိအသင်းတွေ အကုန်လုံးက အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတာ အရမ်းကြိုက်ကြတာ၊ ဘာလို့ဆို လွယ်လွန်းလို့လေ။ လွန်ခဲ့တဲ့နှစ်ရာသီလောက်ကတည်းက ယူနိုက်တက်က မှတ်တမ်းကောင်းတွေနဲ့ ဝေးနေတာကြာပြီ ဒါပေမယ့် အိမ်ကွင်းမှာဆိုရင်တော့ အစွမ်းကုန်ပေးဆပ် ကစားသင့်တယ်လေ။
အဲ့ဒါမှလည်း ဆုဖလားဆိုတာတွေ မျှော်လင့်လို့ရမှာပေါ့။ အခုလို အရည်အချင်းမျိုးနဲ့ကတော့ ဝေးပါသေးတယ်။ ၁-၀ ဖြစ်နေချိန်မှာ အသင်းလိုက် စုစည်းမှုကောင်းကောင်းနဲ့ ချေပဂိုးပြန်သွင်းရမယ့်အစား ခံစစ်မှာပဲ တဝဲလည်လည်ဖြစ်နေတယ်။ ဒုတိယဂိုးပေးလိုက်ရတော့ ပွဲကပြီးသွားပြီ။ ဘာပြောချင်တာလဲသိလား၊ စုတ်ပြတ်နေတာပဲလို့ ပြောချင်တာ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြပါဦးကွာ။
စကော့မက်တွန်မီနေး ကိုယ့်အရည်အသွေးကိုယ် ပြန်မေးကြည့်ဦး၊ ဖရက်ဒ်ကတော့ ပြောမနေတော့ဘူး။ ဒီနှစ်ယောက်က မန်ချက်စတာယူနိုက်တက်အတွက် ကစားဖို့ မလုံလောက်ပါဘူး။ ခံစစ်ပိုင်းကိုကြည့်တော့လဲ၊ အဲရစ်ဘိုင်လီ ကိုယ့်ဂိုးကိုယ်ပြန်သွင်းသွားတာ အံ့သြမနေတော့ဘူး၊ ဒီကောင်ကလည်း ခုတစ်မျိုးတော်ကြာတစ်မျိုးကောင်ပဲ။ မန်စီးတီးအတွက်တော့ အရမ်းကိုလွယ်နေမှာ သေချာတယ်၊ သူတို့အတွက် ယူနိုက်တက်က ကစားစရာသက်သက်ပဲ ” ဆိုပြီး အားရပါးရဝေဖန်ခဲ့ပါတယ်။
#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ရွိုင်ကိန်း