ရှေ့သို့
Image

ဖီအိုကို နိုင်လို့ ပျော်နေပေမဲ့ လက်တလော ရလဒ်ဆိုးတွေကြောင့် စိတ်ပျက်ရကြောင်း အယ်လီဂရီ ဝန်ခံ

11:20 AM, 7 November

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ဖီအိုရင်တီးနားကို နောက်ကျဂိုးနဲ့ အနိုင်ရလို့ ပျော်နေပေမဲ့ လက်ရှိ ရလဒ်ဆိုးတွေကြောင့် စိတ်ပျက်ရကြောင်း ဝန်ခံခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဖီအိုရင်တီးနားကို ဂိုးမရှိ သရေကျဖို့ နီးစပ်နေပေမဲ့ ကွာဒရာဒိုရဲ့ လှပတဲ့ သွင်းဂိုးကြောင့် ၃မှတ်ရခဲ့ပြီး အယ်လီဂရီက အဆိုပါ ရလဒ်အပေါ် ကျေနပ်နေကြောင်း ပြောခဲ့ပါတယ်။

အယ်လီဂရီက “ကျွန်တော်တို့ အရင်က ရလဒ်တွေ ဆိုးခဲ့တာ ဝမ်းနည်းစရာ။ ကျွန်တော် တစ်ချိန်တည်းမှာ ဝမ်းနည်း၊ ဝမ်းသာ ဖြစ်ရပါတယ်။ ကျွန်တော်တို့ ဒီခြေသာ အမြဲရှိရင် ခုလို မဖြစ်ပါဘူး”လို့ ပြောခဲ့ပါတယ်။ ရူဂါနီနဲ့ ပယ်လီဂရီနီတို့ အဆိုပါ ပွဲစဉ်မှာ ဝင်ကစားသွားခဲ့ပြီး အယ်လီဂရီက အဆိုပါ ကစားသမား ၂ဦးရဲ့ ခြေစွမ်းအပေါ် ချီးကျူးခဲ့ပါတယ်။

“ဒီနှစ် လုံးမ၀ ကစားရသေးတဲ့ ရူဂါနီရဲ့ အခုခြေစွမ်းအပေါ် ဝမ်းသာမိပြီး ပယ်လီဂရီနီကလည်း အရန်ခုံက ထလာပြီး အကောင်းဆုံး ကစားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

#ရူဂါနီ #ဂျူဗင်တပ်စ် #ဖီအိုရင်တီးနား #အယ်လီဂရီ