ရှေ့သို့
Image

ပွဲပြီးခါနီး ၁၀မိနစ်အလိုမှာ သရေကျမှာ တော်တော်လေး စိုးရိမ်ခဲ့ကြောင်း အန်ဆယ်လော့တီ ဝန်ခံ

11:04 AM, 7 November

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗယ်လက်ကာနိုကို ၂-၁ဂိုးနဲ့ နိုင်ခဲ့ပေမဲ့ နောက်ဆုံး ၁၀မိနစ်မှာ ချေပဂိုးမပေးရအောင် အသည်းအသန် ကစားခဲ့ရပါတယ်။ အန်ဆယ်လော့တီက အသင်းရဲ့ စတင်ပုံအပေါ် ကျေနပ်နေပေမဲ့ ဖယ်ကာအို ပြန်သွင်းသွားချိန် ရီးရဲလ်က အသည်းအသန် ကစားခဲ့ရကြော်း ဝန်ခံခဲ့ပါတယ်။

အန်ဆယ်လော့တီက “ဗယ်လက်ကာနိုက တော်တော်လေး ကစားတာ ကောင်းပြီး ကောင်းကောင်းလည်း pressနိုင်ပါတယ်။ ကျွန်တော်တို့ကလည်း တန်ပြန်တိုက်စစ်ကို အကောင်းဆုံး အသုံးချနိုင်ခဲပါတယ်။ ပွဲသာ စောစောပြီးသွားမယ်ဆိုရင် ဒီနှစ်ရာသီ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်နိုင်ပါတယ်”

“ကျွန်တော်တို့ ပွဲချိန်တော်တော်များများကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပြီး ဒီထက်ပို ပွဲကို အဆုံးသတ်ခဲ့သင့်ပါတယ်။ တတိယဂိုး မရလိုက်ခင် သူတို့ ဂိုးသွင်သွားတာကြောင့် ကျွန်တော်တို့ ၁၀မိနစ်လောက် အကြောက်တရားနဲ့ ကစားခဲ့ရပါတယ်။ အဲ့လိုပဲ ကျွန်တော် ပြောနိုင်ပါတယ်။ ကျွန်တော်တို့ အသည်းအသန် ကစားခဲ့ရပေမဲ့ အခွင်အရေးတွေ အများကြီး လွဲချော်ခဲ့ပါတယ်။ ဘန်ဇီးမားလို ကစားသမားမျိုး အခွင့်အရေး လွဲချော်တာက ပုံမှန်မဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ခြေစွမ်းပြခဲ့တဲ့ အဆန်စီယိုနဲ့ ပတ်သက်ပြီး အန်ဆယ်လော့တီက “အဆန်စီယိုက အရည်အချင်း ရှိတာကြောင့် တောင်ပံမှာ ကစားနိုင်တယ်လို့ ထင်ပါတယ်။ သူ ကာဗာဂျယ်နဲ့ အကောင်းဆုံး ပေါင်းစပ်ကစားနိုင်ခဲ့ပါတယ်။ သူ ကွင်းလယ်လူအဖြစ်လည်း ကစားနိုင်ပြီး မာယော့ကာနဲ့ပွဲမှာ ဟက်ထရစ် သွင်းခဲ့ပါတယ်။ သူ့အတွက် အရေးကြီးတာက သူ အသင်းအတွက် အရေးပါတယ်လို့ ခံစားနေရုံပါပဲ။ သူ ပွဲကစားတဲ့အချိန်တိုင်း အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒီနေ့ သူ ခရူးစ်ရဲ့ ဂိုးကို ဖန်တီးနိုင်ခဲ့ပေမဲ့ ခံစစ်မှာလည်း ကူနိုင်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာ ရုန်းကန်နေရတဲ့အပေါ် အန်ဆယ်လော့တီက “သူတို့ နောက်မှာ ကျန်နေခဲ့တာက အံ့အားသင့်စရာ ဖြစ်ပေမဲ့ ရာသီကုန်ဖို့ အဝေးကြီး လိုသေးတဲ့အတွက် ဘာကာတို့ ပြန်လာနိုင်မယ် ထင်ပါတယ်။ ဒါပေမဲ့ အခု သူတို့ အခြေအနေအရ ဘာကာအကြောင်း မပြောချင်ပါဘူး။ ကျွန်တော် ကလပ်နဲ့ ဇာဗီကို အကြီးကြီး လေးစားပါတယ်။ သူတို့ ဒီလို ခက်ခဲတဲ့ အခိုက်အတန့်ကနေ ရုန်းထွက်နိုင်မယ်လို့ ထင်ပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

#ဇာဗီ #ရီးရဲလ်မက်ဒရစ် #ဘန်ဇီးမား #အန်ဆယ်လော့တီ #ဗယ်လက်ကာနို