ရှေ့သို့
Image

၁၉၅၉ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးပေးဂိုးပေးများတဲ့ ရာသီကိုဖြတ်သန်းနေရတဲ့ ယူနိုက်တက်

10:54 AM, 7 November

ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံ ၁၄ ပွဲဆက်ပေးဂိုးမပေးရအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ၁၉၅၉ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးရာသီကို ဖြတ်သန်းနေရပါတယ်။ စနေနေ့က မန်ချက်စတာဒါဘီမှာလည်း ယူနိုက်တက်ဟာ အိမ်ကွင်းမှာပဲ ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ စက်တင်ဘာ ၁၁ ရက်နေ့နောက်ပိုင်း အိမ်ကွင်းမှာ လိဂ်ဖလားနိုင်ပွဲမရသေးတာဖြစ်ပါတယ်။

ဒါ့အပြင် အိမ်ကွင်းမှာပဲနောက်ဆုံး ၄ ပွဲမှာ ဗီလာ ၊ လီဗာပူး နဲ့ မန်စီးတီးတို့ကို အရေးနိမ့်ခဲ့ပါတယ်။ မန်ချက်စတာဒါဘီမှာ အရေးနိမ့်ခဲ့တာက ၁၉၅၉ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲစုံအိမ်ကွင်း ၁၄ ပွဲဆက် ပေးဂိုးမပေးရအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဧပြီလတုန်းက ယူရိုပါလိဂ်မှာ ဂရန်နာဒါကို အိမ်ကွင်းမှာ ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာက နောက်ဆုံးဖြစ်ပါတယ်။ စနေနေ့က မန်စီးတီးကိုအရေးနိမ့်ခဲ့ပေမယ့်လည်း ဆိုးလ်ရှားက နည်းပြရာထူးမှာ ဆက်ရှိနေမယ်လို့ ဆိုထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ဂရန်နာဒါ #မန်ချက်စတာဒါဘီ