ရှေ့သို့
Image

မန်ချက်စတာဒါဘီတွင် ရှုံးနိမ့်တဲ့ပွဲမှာ ခြေစွမ်းညံ့ဖျင်းခဲ့တဲ့ ကစားသမား၃ယောက်ကို ရှမိုက်ကယ်ဝေဖန်

10:40 AM, 7 November

အိုးထရက်ဖို့ဒ်တွင် မန်ချက်စတာဒါဘီအဖြစ် ကစားရာမှာ မန်စီးတီးကို ၂ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး အဆိုပါပွဲတွင် ခြေစွမ်းညံ့ခဲ့ကြတဲ့ ကစားသမား ၃ယောက်ကို ယူနိုက်တက် ဂိုးသမားဟောင်းရှမိုက်ကယ်က ဝေဖန်ခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ကို အဝေးကွင်းမှာ ဖိအားသိပ်မရှိဘဲ ၂ဂိုးပြတ် အနိုင်ရယူခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမိနစ်မှာတင် ယူနိုက်တက်နောက်ခံလူ ဘိုင်လီက မန်စီးတီးရဲ့ ကန်ဆယ်လို ဖြတ်ပေးတဲ့ဘောလုံးကို ရှင်းထုတ်ရာမှာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ပြီး ဘာနာဒိုဆေးလ်ဗားရဲ့ ဒုတိယဂိုးမှာလည်း လုရှော်၊ မက်ဂွါရီတို့ရဲ့ အမှားတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဂိုးထပ်မသွင်းခဲ့သော်လည်း မန်စီးတီးက ကစားကွက်အသာရခဲ့ပြီး ပိုကောင်းခဲ့တာကြောင့် ၃မှတ်နဲ့ထိုက်တန်မှု ရှိခဲ့ကာ ယူနိုက်တက်ကတော့ တစ်ပွဲလုံးမှာ ဂိုးပေါက်ကန်သွင်းချက် ၁ကြိမ်သာ ရခဲ့ပါတယ်။

ဂိုးသမားဟောင်းကြီး ရှမိုက်ကယ်က ဒီဂီယာရဲ့ လက်စွမ်းကို ကာကွယ်ပြောကြားခဲ့ပြီး နောက်ခံလူ မက်ဂွါရီ၊လုရှော်၊ ဘိုင်လီတို့ရဲ့ ခြေစွမ်းတွေကို ဝေဖန်ခဲ့ပါတယ်။ “ဒုတိယဂိုးပေးလိုက်ရတာက တော်တော်လေး ဆိုးရွားပါတယ်။ ဒီဂီယာက အရာအားလုံး လိုက်မလုပ်ပေးနိုင်ပါဘူး ဒါပေမဲ့ ဘုရားသခင် မက်ဂွါရီနှင့် လုရှော်က ဂိုးတိုင်ရှေ့မှာ ဘာလုပ်နေတာပါလိမ့်?? 

“သူတို့ဘောလုံးကို ရှင်းထုတ်လိုက်သင့်ပါတယ် မက်ဂွါရီနှင့် လုရှော် နှစ်ယောက်စလုံး ဒီအတိုင်းရပ်ကြည့်ခဲ့တယ် သူတို့ရှင်းထုတ်နိုင်မယ့် အခွင့်အရေးရပေမယ့် ဂိုးသမားက ရှေ့တက်လာပြီး ရှင်းထုတ်မယ် ဒါမှမဟုတ် ထောင့်ကန်ဘော ဖြစ်သွားမယ်လို့တွေးနေကြတယ် အိုးမိုင်ဂေါ့”

“ဒုတိယဂိုးနဲ့ပက်သက်ပြီး ဂိုးသမား ဘာမှလုပ်လို့မရပါဘူး အမှန် ဘောလုံးကရှင်းထုတ်ရမှာပါ နောက်တန်းကတော့ မပြောတော့ပါဘူးဗျာ မန်စီးတီးက ပိုပြီးတော့ ကောင်းခဲ့ပါတယ် လေးလုံးလောက် သွင်းခဲ့နိုင်ပါတယ်။ ကစားသမားတွေက လုပ်ရမယ့်အရာတွေကို မလုပ်ခဲ့ကြပါဘူး ဘောလုံးကို ဖြတ်မယ် ဖြတ်တင်ဘောတွေ ကာမယ် ပေးပို့မှုတွေကို ဟန့်တားမယ် ဒါတွေ မဖြစ်လာခဲ့ပါဘူး”

ဘိုင်လီနဲ့ပက်သက်ပြီး ရှမိုက်ကယ်က ပြောရာမှာ “ပွဲမတိုင်ခင် ကျွန်တော်တို့ဒီအကြောင်း ပြောခဲ့ကြပါသေးတယ် ဒီနေ့ ဘိုင်လီရဲ့ ပုံစံက ဘယ်လို ပြောင်းလဲလာမလဲလို့ပေါ့။အင်္ဂါနေ့ကလည်း တူညီတဲ့ အခြေအနေမျိုးတွေမှာ သူရှင်းထုတ်နိုင်ခဲ့တယ် ဒီတစ်ကြိမ်တော့ သူမလုပ်နိုင်ခဲ့ဘူး။ ဖြတ်တင်ဘောတွေကို ခွင့်ပြုနေမယ်ဆိုရင် ဧရိယာထဲမှာ ကစားသမား၇ယောက်လောက်ရှိလည်း လုံလောက်မှာ မဟုတ်ပါဘူး”

“ဘိုင်လီက ဘောလုံးကို မတားရင်လည်း ဂိုးတိုင်ရှေ့ က ပြိုင်ဘက်ကစားသမားက ဂိုးသွင်းခဲ့မှာပါ ဒါပေမဲ့ ထောင့်ကန်ဘောဖြစ်အောင် ဘိုင်လီ ရှင်းထုတ်နိုင်ခဲ့သင့်တယ်” ဟု ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ မန်ချက်စတာဒါဘီတွင် နိုင်ပွဲရခဲ့လို့ပရီးမီးယားလိဂ်တွင် ဒုတိယနေရာသို့တက်လှမ်းလာကာ ဇယားထိပ်က ချဲလ်ဆီးနဲ့ ၃မှတ်အကွာမှာ ရှိနေပါတယ်။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းက နောက်ဆုံးလိဂ်၆ပွဲတွင် ၄ပွဲအထိ ရှုံးထားကာ အဆင့်၅နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ သို့သော်လည်း ယနေ့ တနင်္ဂနွေပွဲတွေအပြီးဆိုရင် အမှတ်ပေးဇယားအဆင့်၅ကနေ ထပ်ကျသွားနိုင်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #လုခ်ရှော #ရှမိုက်ကယ် #ဘိုင်လီ #မန်ချက်စတာဒါဘီ