ရှေ့သို့
Image

ရီးရဲလ်စတား ဟာဇက်ကိုခေါ်ယူရေးတိုက်ပွဲမှာ ပါဝင်လာတဲ့ ယူနိုက်တက်

9:57 AM, 7 November

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ရီးရဲလ်အသင်းမှာဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ဟာဇက်ကိုခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ ဖော်ပြနေကြပါတယ်။ အသက် ၃၀ အရွယ်တိုက်စစ်ကစားသမားဟာ လွန်ခဲ့တဲ့ ၂ နှစ်က ချဲလ်ဆီးကနေ ရီးရဲလ်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ကာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပါတယ်။

ဟာဇက်ဟာ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၅ ဂိုးပဲသွင်းယူနိုင်တဲ့အထိ ခြေစွမ်းတွေ ကျဆင်းနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက ဘယ်လ်ဂျီယံသားကို ပုံမှန်ခြေစွမ်းပြန်ရအောင် လုပ်ဆောင်ပေးမယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ အန်ဆယ်လော့တီရဲ့ အစီအစဉ်ကို ဥက္ကဌ ပီရက်ဇ်က စိတ်မရှည်တော့ပဲ ရောင်းချဖို့ ပြင်ဆင်လာတယ်လို့ စပိန်သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။ သတင်းတွေအရ ဟာဇက်ကို ဘိုင်ယန် ၊ ပီအက်စ်ဂျီ နဲ့ နယူးကာဆယ်တို့က စိတ်ဝင်စားနေပြီး ယူနိုက်တက်က နောက်ဆုံးစိတ်ဝင်စားတဲ့အသင်းဖြစ်လာတယ်လို့ သိရပါတယ်။

ရီးရဲလ်ဟာ ၂၀၂၂ နွေရာသီမှာ ဟာလန်း နဲ့ မက်ပီတို့ကိုခေါ်ယူဖို့  ငွေကြေးတစ်ရပ်ရှာဖွေဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၂ နှစ်သား မက်ပီကတော့ လာမယ့်နွေရာသီမှာ အလွတ်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဟာဇက်ကို ခေါ်ယူမယ်ဆိုပါက ပေါင် ၆၄ သန်းလောက်နဲ့ရမှာဖြစ်ကာ အသင်းကြီးတော်တော်များများက စိတ်ဝင်စားနေပါတယ်။

ဟာဇက်ဟာ ချဲလ်ဆီးအသင်းမှာ ၇ နှစ်တာကာလကိုဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ် ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဟာဇက် #ပီရက်ဇ် #အန်ဆယ်လော့တီ