ရှေ့သို့
Image

သတိအရမ်းကြီးလွန်းတဲ့ ယူနိုက်တက်ကြောင့် ဒါဘီပွဲကို လွှမ်းမိုးနိုင်ခဲ့တာဖြစ်ကြောင်း ဂွါဒီယိုလာရှင်းလင်း

9:31 AM, 7 November

မန်စီးတီးအနေနဲ့ မန်ချက်စတာဒါဘီပွဲမှာ သတိကြီးကြီးထားကစားလာတဲ့ ယူနိုက်တက်ကြောင့် လွှမ်းမိုးကစားနိုင်ခဲ့တယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ မန်စီးတီးဟာ တစ်ပွဲလုံး ပွဲကို အေးဆေးထိန်းချုပ်ကစားသွားပြီး တောင်ပံကစားသမား ဖိုဒန်က သူတို့ အားကုန်ပေးဆပ် ကစားခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဂွါဒီယိုလာကတော့ ဖိုဒန်ရဲ့မှတ်ချက်ကို သဘောမတူဘဲ စီးတီးနည်းပြဘ၀ ၅နှစ်ကျော်အတွင်း အိုးထရက်ဖို့ဒ်မှာ ၆ပွဲမြောက် နိုင်ပွဲရခဲ့ပြီးနောက် မိမိတို့အသင်း ဒီထက်ခြေစွမ်းပြလာနိုင်သေးတယ်လို့ ပြောပါတယ်။ ''လူကြီးလူကောင်းဆန်ဆန် ပြောရရင် ကျွန်တော့်အနေနဲ့ ပြိုင်ဘက်အသင်းရဲ့လုပ်ဆောင်မှုတွေကို ခွဲခြမ်းစိတ်ဖြာတာတို့ ဆုံးဖြတ်တာတို့ ဘယ်တော့မှမလုပ်ခဲ့ပါဘူး။ ယူနိုက်တက်ဟာ ခံစစ်ကစားပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်ဆိုင်းခဲ့ပါတယ်''

''ဒါကလည်း ကျွန်တော်တို့ကို လေးစားမှုရှိလို့ဖြစ်နိုင်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ အိမ်ရှင်ပရိသတ်တွေကို တိတ်ဆိတ်သွားစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပေးပို့မှုအများအပြားလုပ်ပြီး ဧရိယာထဲမှာ တိုက်စစ်ဆင်တာပါပဲ။ ဒါကိုလည်းက ကျွန်တော်တို့အသင်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်''လို့ ဂွါဒီယိုလာက ပြောပါတယ်။

#ဒါဘီ #မန်စီးတီး #ဂွါဒီယိုလာ #ဖိုဒန်