ရှေ့သို့
Image

ဟယ်ရီကိန်းတို့ ဟာလန်းတို့ စီးတီး မလိုအပ်ဘဲ လာကာဇက်တီနဲ့ ဝက်ကင်းစ် တစ်ယောက်ယောက်ရရင်ပဲ အဆင်ပြေပြီဖြစ်

2:28 PM, 6 November

မန်စီးတီး အသင်း အနေနဲ့ အထောင်တိုက်စစ်ပိုင်းအတွက် တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းကို ပေါင်သန်း ၁၅၀နဲ့ ခေါ်ယူဖို့ မလိုအပ်သလို ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုလည်း ခေါ်ယူစရာမလိုဘဲ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီဖြစ်ဖြစ် ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်ဖြစ်ဖြစ် ခေါ်နိုင်ရင် အဆင်ပြေလုံလောက်နေပြီလို့ ကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ်က သုံးသပ်ပါတယ်။

စီးတီးဟာ အသင်းရဲ့ထာဝရဂိုးသွင်းဘုရင် အဂူရိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုလိုက်ပြီးနောက် တိုက်စစ်မှူးစစ်စစ်ဆိုလို့ ဂျေးဆူတစ်ဦးတည်းကျန်တော့ပြီး နည်းပြဂွါဒီယိုလာက တချို့ပွဲတွေမှာ အထောင်တိုက်စစ်မှူးစစ်စစ်မပါဝင်ဘဲ အသုံးပြုခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ မန်စီးတီးတောင်ပံကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ်က ''ကျွန်တော်သာဆိုရင် ဝက်ကင်းစ်ကိုပဲ ခေါ်လိုက်မှာပါ။ ပြီးတော့ လာကာဇက်တီကလည်း ဂိုးတွေ ဘယ်ကလဲလာလဲဆိုတာ သိထားသူပါ။ လာကာဇက်တီဟာ အာဆင်နယ်မှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားရရင် ပိုခြေစွမ်းပြတတ်ပြီး အကောင်းဆုံး ချိတ်ဆက်ကစားနိုင်ပါတယ်''လို့ ပြောပါတယ်။

လာကာဇက်တီဟာ ယခုရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၃ပွဲပဲ ဦးစားပေး ကစားသမားအဖြစ် ပွဲထွက်ခွင့်ရထားပေမယ့် ရှောင်ရိုက်ဖီးလစ်ကတော့ လာကာဇက်တီ အနေနဲ့ လီဗာပူးမှာ တိုက်စစ်မှူး ဖာမီနိုလို မန်စီးတီးမှာလည်း အရေးပါတဲ့ ကစားသမားဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

#မန်စီးတီး #အာဆင်နယ် #လာကာဇက်တီ #ဟယ်ရီကိန်း #ဝက်ကင်းစ်