ရှေ့သို့
Image

အချိန်သာ လုံလုံလောက်လောက်ပေးရင် ဗီလာရဲ့ အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ဒင်းစမစ် ယုံကြည်နေ

2:14 PM, 6 November

အက်စတွန်ဗီလာအသင်းနည်းပြ ဒင်းစမစ်က တကယ်လို့ အသင်းဘက်က မိမိကိုသာ အချိန်လုံလုံလောက်လောက်ပေးရင် အသင်းရဲ့အခြေအနေဆိုးတွေကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အခိုင်အမာပြောပါတယ်။

ဗီလာဟာ သောကြာညက ဆောက်သမ်တန်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ၅ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲစဉ် ၁၁ အပြီးမှာ အသင်းက တန်းဆင်းဇုန်ထဲတောင် ရောက်သွားနိုင်ပါတယ်။ ဗီလာဟာ ဒုတိယပိုင်းမှာ ပုံစံကောင်းပြသနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ရုန်းကန်ခဲ့ရပြီး အသက် ၅၀ အရွယ်ရှိ နည်းပြ ဒင်းစမစ်လည်း ရာထူးကနေ ထုတ်ပယ်ခံရဖို့ ပိုမိုနီးစပ်လာပါတယ်။

''ကျွန်တော့်ကိုသာ အချိန်လုံလုံလောက်လောက်ပေးရင် ရှိတဲ့လူစာရင်းနဲ့ အသင်းရဲ့ အခြေအနေကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ လက်ရှိ အနေအထားကြောင့် ကျွန်တော်လည်း အရမ်းစိတ်ပျက်မိပါတယ်။ လူစာရင်းက တောင့်တင်းနေပေမယ့် ဒဏ်ရာရကစားသမားတွေများနေတာကလည်း စိတ်ပျက်စရာပါ''လို့ ဒင်းစမစ်က ပြောပါတယ်။

ဒင်းစမစ်က ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းရဲ့ပထမပိုင်း ကစားပုံအပေါ် စိတ်ပျက်မိတယ်လို့ ဝန်ခံပေမယ့် ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်တို့ကို အရေးနိမ့်ခဲ့တဲ့ပွဲတွေမှာ အသင်းရဲ့ဒုတိယပိုင်းကစားပုံအပေါ် အားရမိတယ်လို့ ပြောပါတယ်။

#အက်စတွန်ဗီလာ #ဒင်းစမစ်