ရှေ့သို့
Image

ယူနိုက်တက်ကိုပြန်လာဖို့ ရော်နယ်ဒိုကို စက္ကန့် ၂၀ ခန့်သာ နားချခဲ့တဲ့ ဖာဂူဆန်

3:22 PM, 5 November

မန်ချက်စတာယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ပေါ်တူဂီစူပါစတားဆီ ဖုန်းခေါ်ပြီး အချိန်စက္ကန့် ၂၀ ခန့်အတွင်း စိတ်ပြောင်းအောင် နားချနိုင်ခဲ့နိုင်တာကြောင့် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားမှုဟာ အချည်းနှီးဖြစ်သွားခဲ့ရပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံမန်စီးတီးဟာ ဒီနွေရာသီမှာ အီတလီကလပ်ဂျူဗင်တပ်စ်ကနေ ထွက်ခွာဖို့ သေချာနေတဲ့ ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ခဲ့ပါတယ်။ 


စီးတီးအကြီးအကဲတွေကိုယ်တိုင် ဂျူဗီနဲ့ဆွေးနွေးခဲ့သလို ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်းဒက်စ်ကလည်း ပေါင် ၂၅ သန်းတန် အဆိုပါအပြောင်းအရွှေ့ကို အောင်မြင်အောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းကိုရောက်ခါနီးဖြစ်တဲ့ ရော်နယ်ဒိုကို မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်က ကြားဖြတ်ခေါ်ယူသွားတာကြောင့် စီးတီးအကြီးအကဲတွေ အတော်လေး အံ့အားသင့်ခဲ့ကြပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အထူးခြားဆုံးနဲ့ အပြောင်းအလဲ အကြီးမားဆုံး အပြောင်းအရွှေ့တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ 


အခုလို အပြောင်းအလဲဖြစ်သွားရတဲ့ အကြောင်းအရင် တစ်ခုကတော့ ရော်နယ်ဒိုရဲ့ဆရာဟောင်းဖြစ်တဲ့ ဖာဂီက ဖုန်းဆက်ကာ စီးတီးကိုမသွားဖို့ အမိန့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဖာဂီက ရော်နယ်ဒိုကို “ စီးတီးကို မသွားနဲ့ ” ဆိုပြီးပြောခဲ့တာကြောင့် ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်ကို တစ်ဖန်ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ချက် အခိုင်အမာချနိုင်ခဲ့ပါတယ်။ ရက်အနည်းငယ်အကြာမှာတော့ ရော်နယ်ဒိုရဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းရဲ့ လစာအကောင်းဆုံး ကစားသမားအဖြစ် ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ 


ရော်နယ်ဒိုအနေနဲ့ မနက်ဖြန်(စနေနေ့)မှာတော့ စီးတီးကို ပြိုင်ဘက်အဖြစ်နဲ့ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒါဘီပြိုင်ဘက်တွေရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ပုံတွေကို ပြန်လည်မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။ ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ခြေစွမ်းပြသလျက်ရှိပြီး ၁၁ ပွဲမှာ ၉ ဂိုးသွင်းယူနိုင်ခြဲ့ပီး ဖိအားတွေအောက် ရောက်ရှိနေတဲ့ နည်းပြအိုလီဂန်နာဆိုးလ်ရှားကိုလည်း ပြန်လည်ကယ်တင်ထားနိုင်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ရော်နယ်ဒို #ဖာဂူဆန်