ဗီတက်ဆီကို အနိုင်ရရှိခဲ့ပြီးနောက် တော့တင်ဟမ်အသင်းဟာ အလုပ်တွေအများကြီးလုပ်ဖို့ လိုအပ်နေဆဲလို့ ကွန်တီဝန်ခံပြောကြား
3:08 PM, 5 November
တော့တင်ဟမ်အသင်းနည်းပြ ကွန်တီက ကြာသပတေးနေ့တုန်းက ဗီတက်ဆီကိုအနိုင်ရရှိပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ကာ အသင်းအတွက်ရူးသွပ်ဖွယ်ညတစ်ညလည်းဖြစ်ခဲ့ပါတယ်။ ကွန်တီဟာ တော့တင်ဟမ်အသင်းကို ပထမဆုံးကိုင်တွယ်တာဖြစ်ကာ ဥရောပကွန်းဖရန့်ခ်လိဂ်မှာ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပေမယ့် ၃ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီးနောက် ၂ ဂိုး ပြန်ပေးခဲ့ရသေးတာဖြစ်ပါတယ်။
ဒါပေမယ့် တော့တင်ဟမ်အသင်းဟာ နောက်ခံလူ ရိုမီယူ အထုတ်ခံခဲ့ရပေမယ့် ဗီတက်ဆီဘက်က အနီကတ် ၂ ကတ်နဲ့ ကစားသမား၂ ဦးထွက်ခဲ့ရတာကြောင့် ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ “တကယ့်ကို ရူးသွပ်စရာကောင်းတဲ့ပွဲတစ်ပွဲပါ။ ကျွန်တော်က ဒီလိုပွဲမျိုးတွေကို မကြိုက်ပါဘူး။ တကယ်ကောင်းတဲ့ပွဲတွေမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အနိုင်ကန်နိုင်မယ်လို့ တွေးထင်နေတာပါ”
“၃ ဂိုးပြတ်နိုင်နေပြီး ၂ ဂိုးပေးရတာကို မကြိုက်ပါဘူး။ အဲ့နောက် အနီကတ်က ကျွန်တော်တို့ကိုပြဿနာဖြစ်စေပါတယ်။ တိုးတက်ဖို့ လိုအပ်နေဆဲပါ”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။ ကွန်တီဟာ ပရီးမီးယားလိဂ်ပထမဆုံးပွဲအဖြစ် အဲဗာတန်နဲ့ပွဲကို ကိုင်တွယ်ရမှာဖြစ်ကာ ပွဲပြင်ဆင်ချိန်နည်းတဲ့အပေါ် စိတ်ပျက်နေပါတယ်”
“အလုပ်တွေအများကြီးလုပ်ဖို့လိုနေပါသေးတယ်။ အဲ့အတွက် အချိန်တစ်ခုလိုအပ်နေပါတယ်။ တိုးတက်ဖို့ လိုအပ်နေတာတွေလည်းရှိနေပါတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း တိုးတက်ဖို့ လိုအပ်နေတာတွေ ခံစားနေရပါတယ်။ ပွဲတစ်ပွဲကို ပြင်ဆင်ရတာ မလွယ်ကူပါဘူး။ အဲဗာတန်နဲ့ပွဲကို ပြင်ဆင်ချိန် ၁ ရက်ပဲရပါတယ်။ မနက်ဖြန်မှာ ကျွန်တော်တို့ ရသလောက်လုပ်ရမှာပါ။ စိတ်ရှည်ဖို့လည်းလိုပါတယ်”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။
#တော့တင်ဟမ် #ကွန်တီ #ရိုမီယူ #ဗီတက်စီ