ရှေ့သို့
Image

ပွဲမစမီ ဒူးထောက်တာဟာ အကျိုးသက်ရောက်မှု ရှိသေးတယ်လို့ဆိုလိုက်တဲ့ ဟန်ဒါဆန်

2:15 PM, 5 November

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တိုက်ဖျက်ရန် ကွင်းထဲမှာ ကစားသမားတွေ ဒူးထောက်တာဟာ အကျိုးသက်ရောက်မှုရှိသေးတယ်လို့ဆိုလိုက်ပြီး ဒူးမထောက်ဖို့ဆုံးဖြတ်ခဲ့တဲ့ ချဲလ်ဆီးကစားသမား မားကို့စ်အလွန်ဆိုရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှုရှိတယ်လို့ပြောပါတယ်။ အဆိုပါအပြုအမှုကို ၂၀၁၆ခုနှစ်က NFL ကစားသမား ကိုလင်း ကေပါနစ်က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အလွန်ဆိုကတော့ စက်တင်ဘာလမတိုင်ခင်ကတည်းက ဒူးထောက်ခြင်းမှာ ပါဝင်သွားမှာ မဟုတ်ကြောင်း ဖွင့်ဟထားခဲ့တာ ဖြစ်ပါတယ်။


ဒါပေမဲ့ ကျန်တဲ့ ပရီးမီးယားလိဂ်ကစားသမား အများစုက ဒူးထောက်တဲ့ အပြုအမှုကို ဆက်လက်ကျင့်သုံးနေကြဆဲ ဖြစ်ပါတယ်။ “အားလုံးက ဒီလိုလုပ်တဲ့အတွက် သူတို့သက်တောင့်သက်သာဖြစ်တယ်လို့ခံစားရပါတယ်”ဟု အသက်၃၁နှစ်အရွယ် ဟန်ဒါဆန်က ဂိုးလ်ကို ပြောပါတယ်။ “အသားအရောင်ခွဲခြားတဲ့ မည်သည့်ကိစ္စကိုမဆို မားကို့စ် ဆန့်ကျင်မှန်း ကျွန်တော်သိပါတယ် ဒါကြောင့် တူညီတဲ့အကြောင်းအရာအတွက် ကျွန်တော်တို့အားလုံး ဒီမှာ တိုက်ပွဲဝင်နေကြတာပါ”


“အားလုံးက တူညီတဲ့ မက်ဆေ့ချ်ကို ပြချင်တာပါ။ ဒါပေမဲ့ ကျွန်တော်နဲ့လီဗာပူးရှိကစားသမားအားလုံးအတွက်ကတော့ ကျွန်တော်ထင်ပါတယ် ဒီလိုလုပ်တာဟာ အကျိုးသက်ရောက်မှု ရှိနေပါသေးတယ်။ ဒါက အနာဂတ်မှာ ပြောင်းလဲမှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမဲ့ ကျွန်တော်တို့ဒီအကြောင်းကို ဆက်ပြောနေကြမယ်ဆိုရင် ဆက်လက်တိုက်ပွဲဝင်ကြဆဲ ဖြစ်မှာပါ ဒါက ဆက်လက်တည်တံ့သွားသင့်ပါတယ်” ဟု ဆန်းဒါးလန်းကစားသမားဟောင်းက ပြောကြားခဲ့ပါတယ်။


နောက်ဆုံးဖြစ်ထားတဲ့ racism ဖြစ်စဉ်တွင် ပိုလန်နဲ့ အင်္ဂလန် ၁-၁သရေကျတဲ့ပွဲမှာ အင်္ဂလန်နောက်ခံလူ ကိုင်လီဝေါ်ကာကို ပိုလန်ကစားသမား ကာမေးလ်က အသားအရောင်ခွဲခြားမှုလုပ်ခဲ့ပေမယ့် ဖီဖာက တစ်စုံတစ်ရာအရေးယူခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

#လီဗာပူး #ဂျော်ဒန်ဟန်ဒါဆန် #မားကို့စ်အလွန်ဆို #ကိုင်လီဝေါ်ကာ