ရှေ့သို့
Image

ဂရင်းဝုဒ်နဲ့ အိုဒွိုင်းတို့ကို မခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး ဆောက်ဂိတ် ကာကွယ်ပြောကြား

9:31 AM, 5 November

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကတော့ မေဆင်ဂရင်းဝုဒ် နဲ့ အိုဒွိုင်းတို့ကို မခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်ပါတယ်။

အင်္ဂလန်သားနည်းပြဟာ ဆန်ချိုကို လူစာရင်းကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့ပေမယ့် မိသားစုနဲ့ စကားပြောပြီးမှာ စီနီယာအသင်းအတွက် ကစားပေးနိုင်စွမ်းမရှိတာကြောင့် မခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်ဂိတ်ဟာ ချဲလ်ဆီးအသင်းစတား အိုဒွိုင်းကိုလည်း မခေါ်ယူခဲ့တာဖြစ်ပါတယ်။

အိုဒွိုင်းလ်ကို ဂါနာအသင်းဟာ ခေါ်ယူဖို့ ချဉ်းကပ်မှုတွေပြုလုပ်နေကာ ဂျမေကာအသင်းကလည်း ဂရင်းဝုဒ်ကို ချဉ်းကပ်နေပါတယ်။ ဘယ်လင်ဟမ်နဲ့ ဂရင်းဝုဒ်တို့ဟာ မိသားစုအခြေအနေဆုံးဖြတ်ပြီးနောက် ပြီးခဲ့တဲ့လတုန်းက အင်္ဂလန်အသင်းလူစာရင်းကနေ နှုတ်ထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်က ဂရင်းဝုဒ် နဲ့ ဘယ်လင်ဟမ်တို့ ၂ ဦး အပါအဝင် သူတို့ကြားထဲမှာ ဘာပြဿနာမှ မရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“သူတို့ကိုရွေးချယ်ရမယ်လို့ ခံစားရရင် ကျွန်တော်ရွေးလိုက်ပါတယ်။ လအနည်းငယ်အတွင်း ကွျွန်တော်လူရွေးချယ်ရာမှာ အပြောင်းအလဲ လုပ်ခဲ့ပါတယ်”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်က ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းအတွက် ကစားပေးချင်နေတယ်လို့ ဆိုခဲ့ကာ အသက် ၂၀ အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဒဏ်ရာကြောင့် ယူရိုလူစာရင်းကနေ နုတ်ထွက်ခဲ့ကာ အဲ့ချိန်ကတည်းက အခုထိအရွေးမခံရသေးတာဖြစ်ပါတယ်။

ဆောက်ဂိတ်ကတော့ အနာဂတ်မှာ ဂယ်လာဟာ ၊ စမစ်ရို ၊ ဂူဟီ နဲ့ လီဗရာမန်တိုတို့ကိုလည်း ရွေးချယ်နိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

#ဆောက်ဂိတ် #အင်္ဂလန် #ဂရင်းဝုဒ် #အိုဒွိုင်း