ရှေ့သို့
Image

ယူနိုက်တက်မှာ ပွဲထွက်ခွင့်မရလို့ အင်္ဂလန်လူစာရင်းနဲ့ လွဲချော်နိုင်တဲ့ လင်ဂတ်နဲ့ဆန်ချို

6:49 PM, 4 November

အင်္ဂလန်နည်းပြ ဆောက်ဂိတ်အတွက်တော့ နာမည်ကြီးအင်္ဂလန် ကြယ်ပွင့်တွေကို အင်္ဂလန်အသင်းအတွက် ရွေးချယ်ရခက်နေခဲ့ပါတယ်။ အယ်လ်ဘေးနီးယား၊ ဆန်မာရီနိုတို့နဲ့ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက အပြီးသတ် လူစာရင်းကို ရွေးချယ်ရတော့မှာ ဖြစ်ပြီးနောက်ဆုံးတစ်ကြိမ် ရွေးချယ်ခဲ့တဲ့ လူစာရင်းကို လွဲချော်ခဲ့တဲ့ ကြယ်ပွင့်ကစားသမား ၇ ဦးပြန်ပါလာတော့မှာလည်း ဖြစ်ပါတယ်။ 

ဟယ်ရီမက်ဂွာရီ၊ ရီဆီဂျိမ်းစ်၊ ထရန်အက်ဇန်းဒါးအာနိုးလ်၊ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ကယ်လ်ဗင်ဖီးလစ်၊ ဂျူဒ်ဘယ်လင်ဂန်နဲ့ မေဆင်ဂရင်းဝုဒ်တို့ အားလုံးဒဏ်ရာပြဿနာ ကင်းစင်ပြီး လက်ရွေးစင်အသင်းမှာ ပါဝင်ဖို့ အသင့်ဖြစ်နေကြပါတယ်။ ဒီကစားသမားတွေ ပြန်လည်ပါဝင်လာမယ်ဆိုရင်တော့ နောက်ဆုံးတစ်ကြိမ် ရွေးချယ်ခဲ့တဲ့ထဲက ကစားသမားတစ်ချို့ကို ပြန်လည်ချန်လှပ်ရတော့မှာ ဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ ဂျက်ဆီလင်ဂတ်နဲ့ ဂျေဒန်ဆန်ချိုတို့အတွက်လည်း ချန်လှပ်ခံရနိုင်တဲ့ အန္တာရာ်ရှိနေပါတယ်။ လင်ဂတ်ဟာ နောက်ဆုံးနိုင်ငံပွဲစဉ်တွေ ကစားခဲ့တဲ့အချိန်အတွင်း ၁၈ မိနစ်ခန့်သာ ကစားခွင့်ရရှိခဲ့ပြီး ဆန်ချိုကတော့ အန်ဒိုရာကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ 

အိုလီဝက်ကင်းစ်၊ တမ်မီအေဘရာဟမ်နဲ့ ဂျိမ်းစ်ဝက်ဒ်ပရောက်စ်တို့လည်း နေရာပျောက်ဖွယ် ရှိနေပါတယ်။ အက်စတွန်ဗီလာမှာ နေရာပျောက်နေတဲ့ တိုင်ရုန်မင်းလည်း မသေချာတော့တဲ့ အနေအထားရှိနေသလို ယူ ၂၁ ကြယ်ပွင့် အီမေးလ်စမစ်ရိုဝီနဲ့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ ကော်နာဂယ်လာဟာတို့ကတော့ စီနီယာလက်ရွေးစင်အသင်းမှာ တိုးမြှင့်ရွေးချယ်ခံရဖွယ် ရှိနေပါတယ်။ 

ယူရို ၂၀၂၀ ဖိုင်နယ်မှာ ဂျေဒန်ဆန်ချို၊ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ ဘူကာယိုဆာကာတို့ကို လူမျိုးရေးခွဲခြားခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် ဂျိုနသန်ဘက်စ်လို့ခေါ်တဲ့ ပရိသတ်တစ်ဦးကိုလည်း  Willesden Magistrates တရားရုံးက ထောင်ဒဏ် ၁၀ ပတ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

#ဆန္ခ်ဳိ