ရှေ့သို့
Image

ဘရုဂျက်ကို ဂိုးပြတ်နိုင်ခဲ့ပြီးနောက် မန်ချက်စတာဒါဘီက အရေးကြီးတယ်လို့ ဂွါဒီယိုလာ ပြောလာပြန်

1:31 PM, 4 November

ဂွါဒီယိုလာဟာ ဘရုဂျက်ကို ၂ပွဲဆက်တိုက် ဂိုးပြတ်နိုင်ခဲ့ပြီနောက် မန်ချက်စတာဒါဘီပွဲကို အာရုံစိုက်လာခဲ့ပြီ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပထမအကျော့က ဘရုဂျက်ကို ၅-၁ဂိုးနဲ့ နိုင်ခဲ့ကာ ယမန်နေ့ညက အိမ်ကွင်းမှာ ၄-၁ဂိုးနဲ့ ထပ်နိုင်ခဲ့ပါတယ်။

အဆိုပါ ရလဒ်ကြောင့် မန်စီးတီးအသင်းဟာ ၁၆သင်းအဆင့် တက်နိုင်ဖို့အတွက် ရမှတ်၁မှတ်သာ လိုအပ်တော့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးခဲ့တဲ့ မန်စီးတီးဟာ ယခုအချိန်မှာတော့ မြို့ခံပြိုင်ဘက် ယူနိက်တက်နဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာပါ။

ဂွါဒီယိုလာက “လူတွေက ဒီနေ့ပွဲက မန်ချက်စတာဒါဘီထက် ပိုအရေးပါတယ်လို့ ပြောတော့ ဆဲကြပါတယ်။ ဒါပေမဲ့ အခုတော့ ယူနိုက်တက်နဲ့ပွဲက ပိုအရေးပါလာပါပြီ”လို့ ပြောခဲ့ပါတယ်။

စနေည ပထမဆုံးပွဲစဉ်မှာ ယူနိုက်တက်နဲ့ တန်းကန်ရမယ်ဆိုတဲ့အပေါ် ဂွါဒီယိုလာက “ဘာမှ မဖြစ်ပါဘူး။ မနက်ဖြန် ကန်ရမယ်ဆိုလည်း ကျွန်တော်တို့ ကစားရမှာပါပဲ။ ပွဲစဉ်ဇယားက ရှိနေတာဖြစ်ပြီး တစ်ခါတစ်လေ အင်္ဂါနေ့၊ တစ်ခါတစ်လေ သောကြာနေ့ ကစားရပါမယ်။ တစ်ခါတစ်လေ နေ့လည် ၁၂ခွဲ ဖြစ်ပြီး တစ်ခါတစ်လေ ၅ခွဲ ဖြစ်သွားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စနေ နေ့လည် ၁၂ခွဲမှာ အိုးထရက်ဖို့ဒ်မှာ ရှိနေမှာပါ”လို့ ဆိုခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ ဂွါဒီယိုလာက မန်စီးတီးဟာ ဘာအကူအညီမှ မရဘူးလို့ ပြောပြီး ကြည့်ရှုသူတွေကို မျက်ခုံးလှုပ်စေခဲ့ပါတယ်။
“သင်က မန်စီးတီးကလူတစ်ယောက် ဖြစ်တဲ့အခါ ဘယ်သူကမှ မကူညီဘူးဆို သိထားရပါမယ်။ ကျွန်တော်တို့ လုပ်ခဲ့တဲ့အရာတွေက လုပ်သင့်တာတွေပါ။ ဒါကြောင့် ကျွန်တော် ကျေနပ်တာပါ။ အသင်းကြီး၁သင်းဆိုရင်တော့ ကျွန်တော် နားလည်ပါတယ်။ ဒီမှာတော့ နိုင်ပွဲအတွက် ကိုယ်တိုင် လုပ်ရပါတယ်။ ကျွန်တော် အသင်းကြီးတွေနဲ့ ဆုဖလားတွေ ရယူဖူးတာကြောင့် အဲ့ဒီအကြောင်း ကောင်းကောင်း သိပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဘရုဂျက် #ချန်ပီယံလိဂ်