ကွန်တီကို တော့တင်ဟမ်ခန့်အပ်ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို စူပါကွန်ပျူတာ ခန့်မှန်း
4:56 PM, 3 November
တော့တင်ဟမ်အသင်းဟာ နည်းပြ နူနိုဆန်တိုနေရာမှာ ချဲလ်ဆီး နဲ့ အင်တာမီလန်နည်းပြဟောင်း ကွန်တီကို ခန့်အပ်လိုက်ပါတယ်။ ဆန်တိုဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် တနလာၤနေ့မနက်ခင်းတုန်းက နည်းပြရာထူးကနေ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
ကွန်တီဟာ ၂၀၁၇ တုန်းက တော့တင်ဟမ်ပြိုင်ဘက် ချဲလ်ဆီးကိုကိုင်တွယ်ခဲ့ကာ အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် နွေရာသီတုန်းက လီဗိုင်းရဲ့ထိပ်တန်းပစ်မှတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ လီဗိုင်းဟာ ကွန်တီကို ၂၀၂၃ နွေရာသီစာချုပ်ဆိုလိုက်ကာ စာချုပ်သက်တမ်းတိုးနိုင်တဲ့အချက်လည်း ပါဝင်နေပါတယ်။
ကွန်တီကလည်း တော့တင်ဟမ်အသင်းကို ဦးဆောင်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ကိုအရေးနိမ့်ခဲ့တာကြောင့် တော့တင်ဟမ်ပရိသတ်တွေဟာ နူနိုဆန်တိုအပေါ်ယုံကြည်မှုမရှိတော့ပဲ အသင်းရဲ့လက်ရှိအနေအထားကလည်း အမှတ်ပေးဇယားရဲ့အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။
ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေကတော့ ကွန်တီရောက်လာပေမယ့်လည်းအသင်းကို ချက်ချင်းအကျိုးပြုမှာမဟုတ်ဘူးလို့ ဆိုခဲ့ကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ ကွန်တီဟာ ယခင်ကိုင်တွယ်တုန်းက ကလပ်အသင်းတွေမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာကြောင့် တော့တင်ဟမ်ဟာ ၅၈ မှတ်အထိ ရရှိမယ်လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် ကွန်တီတစ်ယောက် တော့တင်ဟမ်ကိုရောက်လာတာကြောင့် လန်ဒန်ရဲ့ ၄ သင်းမြောက်အကောင်းဆုံးအသင်းဖြစ်လာမယ်လို့လည်း သုံးသပ်နေကြပါတယ်။ ချဲလ်ဆီးဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁ နေရာမှာ ဒုတိယနေရာက မန်စီးတီးကို ၁ မှတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။